အပိုင်း (၁၃၀ + ၁၃၁)

430 31 0
                                    

အပိုင်း (၁၃၀) ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း သတိမရပါ

ရှန်ယွဲ့သည် ဆွန်းလင်းဘာဖြစ်နေမှန်းမသိသလို ဆွန်းလင်၏ကိစ္စများတွင် သူမပါဝင်ပတ်သက်နေမှန်းလည်း မသိချေ။ သူမကသည် အခန်းဆီသို့သား တန်းဝင်သွားပြီး တံခါးပိတ်လိုက်တော့သည်။

နဂိုကဆိုလျှင် ဆွန်းလင်သည် ရှန်ယွဲ့ကို သည်လိုတွေ့လိုက်ရချိန်တွင် သူမကို သေချာပေါက် အပြစ်မရှာဘဲ မနေနိုင်အောင် ဖြစ်နေလိမ့်မည်။ အကြောင်းကြောင်းကြောင့် သည်နေ့တွင်တော့ သူမသည် ရန်မရှာခဲ့ချေ။ တံခါးနားတွင် မလှုပ်မယှက်ရပ်နေသည့် ရှန်ချန်ကိုသာ ပြောလိုက်တော့သည်။

" စားပွဲပေါ်က ဟင်းတွေကို မြည်းကြည့်ပါအုံး၊ အိုးထဲက ဟင်းတွေကတော့ နွေးထားတုန်း၊ အမေတို့တွေ ခဏနေဆိုရင် စားလို့ရပြီ"

ရှန်ချန်သည် ဇဝေဇဝါဖြစ်သွားသော်လည်း ဆွန်းလင်၏ ပျော်ရွှင်နေသည့် အမူအရာကို မြင်လိုက်သဖြင့် အိမ်၏အနေအထားက တိုးတက်လာသည်ဟု ထင်လိုက်လေသည်. ထို့ကြောင့် သူက ဘာမှမပြောလိုက်တော့ချေ။ ထိုအချင်းအရာအားလုံးကို တံခါးနားတွင် ရပ်နေသည့် ရှန်ရှင်းက မြင်နေရသည်။ ဒါပေမယ့် ဆွန်းလင် ဒီနေ့ ဘာလို့ ပျော်နေလဲဆိုတာ သူမ သိတယ်လေ။

" ရှင်းရှင်း ပြန်လာပြီ"

ဆွန်းလင်သည် သူမ၏အဖိုးတန်သမီးလေး ပြန်လာသည်ကို မြင်လိုက်သည်တွင် မပျော်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။

" ငါတို့ရဲ့ပါရမီရှင်လေး ပြန်လာပြီ"

ဆွန်းလင်သည် လွတ်ခနဲ ထွက်သွားတော့မလို ဖြစ်သါဦးတော့သည်။ တဒင်္ဂအတွင်း ရှန်ရှင်းက ဆွန်းလင်ကို ဒေါသဖြင့်ကြည့်လိုက်၏။ ဆွန်းလင်သည် စကားစကို မြန်မြန်ရပ်လိုက်ပြီး

" မှားသွားလို့၊ အမေ့အဖိုးတန်သမီးလေး ပြန်လာပြီ"

" ဘာ ပါရမီရှင်လဲ"

လက်ဆေးနေသည့် ရှန်ချန်က မီးဖိုထဲက ထွက်လာကာ မေးလိုက်တော့သည်။ သူ ခုနတုန်းက နားကြားမှားသွားတာလား။ အမေက ရှန်ရှင်းကို ပါရမီရှင်လို့ ခေါ်လိုက်တာ ကြားလိုက်မိသလိုပဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now