အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်

753 67 0
                                    

*** DEAR READERS , BE A GOOD AND PLEASURE YEAR END ***

အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ် ( BONUS CHAPTER)

"မလိုပါဘူး မလိုပါဘူး၊ နောက်တစ်ခါကျမှပဲ အတူတူသောက်တော့မယ်လို့ မင်းအဖေကိုပြောလိုက်ပါ"

ဟန်လင်းသည် ပါးနပ်သည့်သူတစ်ယောက်ပင်။ သူသည် လက်အောက်ငယ်သားအမျိုးမျိုး၏စိတ်ကို လွှမ်းမိုးနိုင်သည့် နည်းလမ်းအမျိုးမျိုးရှိပြီး လူတို့၏စိတ်ကို ထိန်းချုပ်ရာတွင် တော်လေသည်။ ထို့ကြောင့်ပင် သူသည် အချိန်အကြာကြီး မြို့တော်ဝန်ဆက်ဖြစ်နေရခြင်းပင်။

ရှန်ယွဲ့ကို ရုတ်တရက်တွေးမိသွားပြီး ဟန်လင်းက မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။

" မင်းက တတိယနှစ်မှာဆိုတော့ ဘာလို့...."

"အန်ကယ်ဟန် ပြောပါခင်ဗျာ" ယွီဟောက်က အလေးအနက်ပြောလိုက်၏။

ဟန်လင်းသည် ပြောရင်းနှင့်မှ တစ်ခုခုကို သဘောပေါက်သွားပြီး သူ့စကားများကို ပြန်မြိုသိပ်ထားလိုက်တော့သည်။

" ရပါပြီ၊ ဦးလေး လုပ်စရာရှိသေးလို့ သွားတော့မယ်နော်"

သူတွေးလိုက်တာက ယွီဟောက်နဲ့ ရှန်ယွဲ့တို့က အတန်းဖော်တွေဆိုရင် ကျောင်းမှာ ယွီဟောက်ကတဆင့် ရှန်ယွဲ့ကို စောင့်ရှောက်ခိုင်းမယ်ပေါ့။ ဒါမှ မျက်လုံးမပါတဲ့လူတစ်ချို့က သူမသိလိုက်တဲ့အချိန်မှာ ရှန်ယွဲ့ကို ပြဿနာမရှာတော့မှာ။

ဒါပေမယ့် ပြန်စဥ်းစားကြည့်လိုက်တော့ သူက ရှန်ယွဲ့နဲ့ ယွီဟောက်ကို မိတ်ဆက်ပေးလိုက်ပြီး ယွီဟောက်ကို ရှန်ယွဲ့နဲ့ ဆက်ဆံရေးကောင်းတစ်ခု ရှိအောင် လုပ်ခွင့်ပေးလိုက်ရင် သူက ရှန်ယွဲ့နဲ့ ဆက်ဆံရေးကို အသုံးချပြီး ကျိုးမိသားစုနဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာရင် ကောင်းမှာမဟုတ်တော့ဘူး။

ပြီးတော့ ယွီဟောက်ရဲ့အဖေက သူ့လက်အောက်ကဝန်ထမ်း။ သူ့ကို ကျိုးမိသားစုက ရာထူးတိုးပေးလိုက်ရင် သူ့အဆင့်အတန်းက သူ့ထက်မြင့်သွားတော့မှာမလား။ ဒီလိုလုပ်လို့ မဖြစ်ပါဘူး။

ကြည့်ရတာတော့ သူက ရှန်ယွဲ့လို နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ကို သူ့အိမ်မှာပဲ ထားထားသင့်တယ်။ ဥပမာ သူ့ရဲ့ဆန်ကုန်မြေးလေး သားဖြစ်သူ ရှန်ယွဲ့က အိမ်မှာလည်း ဘာမှလုပ်စရာမရှိဘူးလေ။ သူ့ကို ရှန်ယွဲ့စိတ်ချမ်းသာအောင် လုပ်ခိုင်းရမှာပဲ....

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now