အပိုင်း (၁၂၀) + အပိုင်း (၁၂၁)

586 41 0
                                    


အပိုင်း (၁၂၀) လာမကစားနဲ့

ရှန်ယွဲ့သည် ကာစီနိုထဲတွင် လူကြားထဲ တိုးဝေ့ကာ ဟိုသည်လျှောက်သွားလိုက်၏။ လူများက သူမကို လှမ်းခေါ်နေကြလေသည်။

" မိန်းကလေး လာကစားချင်လား"

သူမက သူ့ကို လျစ်လျူရှုထားလိုက်ပြီး ရှေ့တည့်တည့် လျှောက်သွားလိုက်၏။ သူမသည် ဘေးက တံခါးငယ်လေးတစ်ခု ဆီသွားလိုက်ကာ သုံးကြိမ်တိတိ ကျွမ်းကျွမ်းကျင်ကျင် တံခါးခေါက်လိုက်သည်။ ရှေ့တံခါးမှ ပြတင်းပေါက်သေးသေးလေးတစ်ခု ပွင့်လာပြီး ခေါင်းတစ်လုံး ပြူထွက်လာ၏။

" ဘာလုပ်ပေးရမလဲ"

" ကျွန်မ ဒီမှာ ဆေးလာဝယ်တာ"

ရှန်ယွဲ့သည် လုပ်ထုံးကို ရင်းနှီးပြီးသားပင်။ ဒါသည် ဟွမ်ရို့၏ သုံးနေကြနည်းလမ်းမှန်း သူမ သိထားသည်။

သူမက ထူးထူးခြားခြား အတွေ့အကြုံရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူမသည် ဖောက်သည်ဟောင်းမှန်း ထိုလူက သိသွားရာ တံခါးဖွင့်ပေးလိုက်ပြီး သူမကို ဝင်လာခိုင်းလိုက်၏။

အထဲဖက်တွင် ရှည်လျားသည့် လူသွားလမ်းတစ်ခု ရှိသည်။ ရှန်ယွဲ့က သည်မှောင်မဲမဲ လမ်းအတိုင်း တစ်လမ်းလုံးလျှောက်လာအပြီးတွင် ကျယ်ဝန်းသည့် အခန်းတစ်ခုထဲ ရောက်သွားတော့သည်။ ကာစီနိုတစ်ခုထဲတွင် နောက်ကမ္ဘာကြီးတစ်ခု အမှန်တကယ်ရှိနေမည်ကို မည်သူ ထင်ထားပါမည်နည်း။ အတွင်းဖက်မှာ အလုံးစုံခြားနားနေလေသည်။

အိမ်အတွင်းပိုင်းတွင် တရုတ်ဆေးဝါးနံ့များဖြင့် ပြည့်နေ၏။ မီတာ ၈၀ပတ်လည်အိမ်ကြီးကို လေးထပ်ခွဲထားသည်။ တစ်ထပ်စီ၏ နောက်ကျောတါင် ဆေးဝါးမျိုးစုံဖြင့် ပြည့်နေသည့် ဧရာမဗီဒိုကြီးတစ်လုံး ရှိလေသည်။ ရှန်ယွဲ့သည် သည်နေရာနှင့် အလွန်မှရင်းနှီးလေသည်။ သူမက ကောင်တာဆီသို့ တည့်တည့်လျှောက်သွားလိုက်ကာ မေးလိုက်၏။

" ဟွမ်ရို့ ရှိလား"

ဧည့်ကြိုမှာ အသက်၂၀အရွယ် လူငယ်လေးတစ်ယောက်ဖြစ်၏။ ရှန်ယွဲ့သည် သည်မျက်နှာကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူသည် ဟွမ်ရို့၏ ဝန်ထမ်းအသစ်လေး ဖြစ်ပေမည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now