အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်

800 67 0
                                    

အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်

ရှန်ယွဲ့သည် ထိုစကားကိုကြားလိုက်တော့ ရုံးခန်းထဲက ဆရာများကို အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။ သူမ၏ အင်အားနှင့်ဆိုလျှင် သည်အုပ်စုလေးကို တစ်ယောက်ထဲ အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ ဘာသက်တော်စောင့်မှ လုံးဝမလိုချေ။ သူမက ပြောလိုက်၏။

" မလိုဘူး၊ ဒီအတိုင်းပဲ လာခဲ့"

လုံခြုံရေးအကြောင်းပြချက်ဖြင့် ရှီဖုန်းသည် ကုမ္ပဏီမှ အမြဲတမ်းသက်တော်စောင့်သုံးယောက်ကို ခေါ်လာလိုက်ပြီး Sမြို့၏ ပထမတန်းစားအထက်တန်းကျောင်းသို့သွားရာလမ်းအတိုင်း အရှိန်နှင့်မောင်းထွက်လာတော့သည်။ သူသည် ဖုန်းဝင်လာသည်နှင့် သူ့ကိုအလုပ်လုပ်ရန် အမိန့်ပေးခဲ့သူကို မြင်ချင်နေတော့သည်။ သူ တဖက်လူရဲ့နောက်ကျောင်းကို စုံစမ်းခဲ့ပြီးပြီလား။

" ဒီကျောင်းသူကို ဆွဲထုတ်သွား ပြီးရင် သူ့မိဘကို ကျောင်းလာဖို့ အကြောင်းကြားလိုက်"

ကျောင်းအုပ်ကြီးက ဒေါသထွက်ကာ ဟိန်းနေအောင်အော်ပြောလေတော့သည်။

ရှန်ယွဲ့သည် ဖုန်းပြောပြီးကတည်းက နေရာတွင်ပင် မခွာတမ်းရပ်နေပြီး စကားလည်း မပြောတော့ချေ။ သူတို့က ရှန်ယွဲ့ကို ဘာပြောပြော သူတို့သည် ဒုက္ခရောက်တော့မည်ကို သေချာသိနေသည့်နှယ် သူမကတော့ တမင်ဆွပေးနေသည့် အပြုံးတစ်ခုကိုသာ ဆောင်ထားလေသည်။

ဒါသည် ကျောင်းအုပ်ကြီးအတွက် နှစ်ပေါင်းများစွာကြာပြီးမှ သည်လိုအဆင်ခြင်မဲ့သည့်ကျောင်းသူတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ သူသည် အလွန်ဒေါသထွက်နေရာ ဦးခေါင်းပင် ပေါက်ထွက်တော့မည့်နှယ်။ နောက်ဆုံးတွင် သူသည် ဌာနမှူကို ကျောင်းလုံခြုံရေးများကိုခေါ်ခိုင်းလိုက်ပြီး သည်စိတ်အနှောင့်အယှက် ဖြစ်ရလွန်းသည့် ရှန်ယွဲ့ကို မြန်မြန်ဆွဲထုတ်သွားစေရန် မျှော်လင့်နေတော့သည်။

ဆရာတွေကို လုံးဝလေးစားမှုမရှိတဲ့ ဒီလိုကျောင်းသူများကို ကျောင်းကနေ မောင်းထုတ်ပြီး ကျောင်းတက်ခွင့် ဘယ်တော့မှ ပေးလို့မဖြစ်ဘူး။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now