အပိုင်း(၅) Unicode

718 100 7
                                    

ရှောင်းကျန့် သူ့ဦးခေါင်းဘယ်ဘက်၌ဝဲကျနေသောဆံနွယ်စတချို့အား သိမ်းယူ၍မှန်ကြည့်ကာကျစ်ဆံမြီးကျစ်နေရင်း မဆိုသလောက်လေး မို့နေသည့်သူ့မျက်ခွံများကိုကြောင့်တစ်ချက်တစ်ချက်ကျစ်သပ်နေသည်။

အယ်လ်ကိုဟောဒဏ်ခံနိုင်ရည်စွမ်းမြင့်သည့်သူကတော်ရုံတန်ရုံမမူးတတ်သော်လည်းမနေ့ညကပမာဏကသူ့ခံနိုင်ရည်ကိုအင်မတန်ကျော်လွန်သွားခဲ့တာဖြစ်မည်။သူ့အနေနဲ့လည်းဘာကြောင့်အဲ့လောက်အသိ စိတ်ပျောက်တဲ့အထိသောက်မိမှန်းမသိပေမယ့်၊အရှိန် မသေသေးသည့်အရက်ဒဏ်က အခုထိသူ့ခေါင်းကိုရိုက်ခွဲထားသကဲ့သို့တဆစ်ဆစ်ဖြစ်စေသည်။

"ငါ ညတုန်းက ဘာပေါက်ကရတွေလုပ်မိသေးလဲ..."

ရလာသည့်လက်သန်းလုံးစာကျစ်ဆံမြီးလေးတစ်ချောင်းကိုရှောင်းကျန့် မျှော့ကြိုးအနက်တစ်ခုဖြင့်စည်းနေရင်း ဒီယေဂိုကိုမေးလိုက်သည်။

ဒီယေဂိုက ဘာမှမလုပ်မိကြောင်းပြောသည့်အခါမှ ရှောင်းကျန့်စိတ်သက်သာရာရသွားဟန်ဖြင့် သူ​၏ပုခုံးထောက်နေသည့်ဆံနွယ်တို့ကိုအပေါ်ပိုင်းတစ်ဝက်ခန့်ယူကာခုနကကျစ်ဆံမြီးကို ခေါင်းစည်းကြိုးသဖွယ် အသုံးပြု၍စည်းနှောင်လိုက်​၏။ထို့နောက်ပြန်လည်မပြေကျလာစေရန် ကလစ်အနက်ရောင်နှစ်ခုအား ဆံပင်စည်းထားသည့်အောက်ခြေတွင် "X"ပုံစံကြက်ခြေခတ်လုပ်၍အခြေခိုင်အောင်လုပ်ထားလိုက်​၏။

အပေါ်ပိုင်းကိုအပြောင်သိမ်းထားသကဲ့သို့မျက်နှာရှေ့သို့ ဝဲကျ၍မနေသောဆံနွယ်စတို့ကြောင့်ပြေပြစ်နေသည့် နဖူးပြင်သည်ပို၍ပေါ်လွင်နေပြီး စည်းနှောင်ခြင်းမခံထားရသည့် အောက်ခြေမှဆံနွယ်စတစ်ဝက်တို့မှာမူပုခုံးထက်လွတ်လွတ်လပ်လပ်ဝဲလို့နေတော့​၏။

ကျော့ရှင်းနေသည့်လည်တိုင်အားမမြင်နိုင်ဘဲသွယ်လျသည့်လက်မောင်းနှစ်သွယ်ကိုသာဦးစားပေးဖော်ပြထားသည့်ဆင်စွယ်ရောင်လည်ပင်းအပိတ်လက်ပြတ်အင်္ကျီ၊ အထက်မှအောက်သို့ အနည်းငယ်ကားသွားသော ဂျင်းဘောင်းဘီအဖြူနှင့် half shoes အဖြူကိုဝတ်ဆင်ထားသည့် ရှောင်းကျန့်ကစိတ်တိုင်းကျပြင်ဆင်ပြီးသွားချိန်တွင် ဒီယေဂိုသည်လည်း ရှောင်းကျန့်​၏တစ်ကိုယ်ရည်အသုံးအဆောင်များပါဝင်သည့်လက်ဆွဲအိတ်တစ်ခုကိုကိုင်ဆွဲ၍ ဟိုတယ်ခန်းမှထွက်သွားသည့် ရှောင်းကျန့်အနောက်သို့လိုက်လာခဲ့​၏။

Ineluctable Opowieści tętniące życiem. Odkryj je teraz