အပိုင်း(၂၉) Unicode

827 110 19
                                    

ဒီထရွိုက်မြို့၊ မီရှီဂန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။

ဒီထရွိုက်မြို့၏စရိုက်ရပ်ကွက်ပတ်ဝန်းကျင်တို့နှင့်သိပ်မဝေးလှသောဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင်ဒီယေဂိုရောက်ရှိနေသည်မှာရက်အတော်ကြာပြီဖြစ်​သည်။

Undercover သဘောမျိုးဖြင့်လာရသည်ဖြစ်ရာနယ် မြေခံများနှင့်ချက်ချင်းသွားရော၍မရဘဲလေ့လာနေရခြင်းသာဖြစ်​၏။ဒီယေဂို​၏ လက်ရှိအသွင်အပြင်မှာ နဂိုမူလပြင်ဆင်ပုံမျိုးဖြင့်မဟုတ်ဘဲ၊ ရောက်သည့်နေရာ၊ရောက်သည့်အရပ်ဖြင့်တစ်သားတည်းဖြစ်စေရန်အတွက်ဂျစ်ပစီဆန်ဆန်ဝတ်စားဆင်ယင်မှုများဖြင့်ဖြစ်​၏။

မည်သို့ပင်အပြင်အဆင်များပြောင်းလဲထားပါမူ နဂိုထင်းနေသည့်အာရှကပြားမျက်နှာမှာအင်မတန်ပေါ်လွင် နေသည်ဖြစ်ပြီး ထိုအခြင်းအရာကိုဖုံးကွယ်ရန်အလို့ငှာအပြင်ထွက်တိုင်း ဦးထုပ်တစ်လုံးကိုခပ်ငိုက်ငိုက်ဆောင်းလို့ထားရ​၏။ထို့အတူ သူနှင့်အတူဒီထရွိုက်သို့လိုက် ပါလာကြသည့်ဂိုဏ်းသားတို့ကိုမူ ဥရောပသွေးနှောထဲမှရွေးချယ်ခေါ် ဆောင်လာခဲ့ခြင်းဖြစ်​၏။သူတို့အားလုံးသည်လက်ရှိ၌ Fake ID ဖြင့်နေထိုင်နေကြခြင်းဖြစ်​၏။

ရောက်ရှိနေသည့်ရက်များအတွင်းနေထိုင်ရာပတ်ဝန်းကျင်၌ဒီယေဂိုနေ့နေ့ညညအကြားအများဆုံးမှာသေနတ်ဖောက်သံများပင်ဖြစ်ပြီး၊ ထိုသေနတ်သံများနှင့်ပတ်သက်၍လည်း ဘယ်အာဏာပိုင်များမှအရေးတယူမရှိတာဖြစ်​၏။တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရှိသော အမေရိကန်​၏ဥပဒေအရ self defense အနေရော၊ တခြားအကျိုးအတွက်ပါ ကိုင်ဆောင်ကြသည်ဖြစ်ရာ အရပ်ထဲခွေးဟောင်တိုင်းပြေးမကြည့်သလို၊ သေနတ်ဖောက်သံကြားတိုင်း ရဲများပြေးမကြည့် ကြတော့ခြင်းဖြစ်​၏။

အထူးသဖြင့် ဒီယေဂိုရောက်နေသည့်နေရာသည်ပိုဆိုးသည်။နေ့ခင်းကြောင်တောင်ပင်ကားတံခါးကိုရိုက်ခွဲပြီး ကားကိုခိုးယူကြသူများ၊ ခါးပိုက်နှိုက်ကြသူများ၊ ပေါ်ပေါ်ထင်ထင်လုယူကြသူများ၊ လမ်းသွယ်များထက်၌ပင်မူးယစ်နေကြသူများဖြင့်ပြည့်နှက်နေခြင်းဖြစ်​၏။

Ineluctable Where stories live. Discover now