အပိုင်း(၁၃) Unicode

913 115 20
                                    

ကိုယ်လုပ်တော်ချီရှန့်​၏လက်ကို ဝမ်ဖိဖုရားကြီးကိုင် ဆွဲကာ နန်းတွင်းနတ်နန်းဆီသို့ကြွမြန်းလာ​၏။မိဖုရားကြီးတို့ဝင်လာတာမြင်သည့်အခါနတ်ဆရာယင်အန်းသည် လှိုက်လှိုက်လှဲလှဲကြိုဆိုဧည့်ခံသည်။

"ဘာအကြောင်းကြောင့် နတ်နန်းကိုခြေဦးလှည့်လာရပါလဲ မိဖုရားကြီး..."

လက်ဖက်ရည်ငှဲ့ပေးရင်း နတ်ဆရာယင်အန်းထိုသို့မေးလာလျှင် ဝမ်မိဖုရားကြီးသည် ချီရှန့်ကိုငဲ့ကြည့်၍ပြုံးလိုက်သည်။ဂရုဏာသက်သည့်ဟန်ချီရှန့်​၏ဆံနွယ် များကိုသပ်ပေး၍ သက်ပြင်းလည်းငွေ့ငွေ့ချရင်း...

"စစ်တိုက်၊အမဲလိုက်ဖို့ပဲ ခေါင်းထဲရှိတဲ့ သားတော်ကို မိဖုရားတင်မြှောက်ဖို့နဲ့အိပ်ဆောင်ဝင်ဖို့အတွက်ပြောနေရတာ အကြိမ်ပေါင်းလည်းများနေပြီ...အစကတော့ သဘာဝအတိုင်းလေး ဖြစ်စေချင်ပေမယ့် အခုတော့ ကောင်းကင်ဘုံရဲ့အကူအညီနည်းနည်းလိုလာပြီထင်ပါရဲ့..."

ဝမ်မိဖုရားကြီး​၏စကားအသွားအလာကိုနတ်ဆရာယင်အန်းသဘောပေါက်ဟန်ဖြင့်ခေါင်းတညိတ်ညိတ်လုပ်သည်။လူသားတို့သည် သူတို့တတ်စွမ်းနိုင်ခြင်းမရှိသည့်ကိစ္စအား ကောင်းကင်ဘုံကိုအကူအညီတောင်းတတ်ကြသည်မှာအထူးအဆန်းမဟုတ်။

ချီရှန့်​၏ လက်ကို နတ်ဆရာယင်အန်းခွင့်တောင်းကာ ကိုင်လိုက်ပြီးလျှင် လက်ဖဝါးကိုဖြန့်၍လက္ခဏာကြည့်​၏။ဒီလက္ခဏာလမ်းကြောင်းများ​အတွက်သူ့အဖြေသည် ဘယ်အချိန်ကြည့်ကြည့်တစ်ခုတည်းဖြစ်သည်။ချီရှန့် တွင် နန်းသွေးကိုမွေးပေးရမည့်ဇာတာပါလာခြင်းမရှိ။ကျိန်းသေသည်က အရှင်​၏နှလုံးသားကိုဆုပ်ကိုင်နိုင် ခြင်းမရှိခြင်းကြောင့်သာဖြစ်လိမ့်မည်။

မေတ္တာဟူသည်လုပ်ယူ၍မရ၊ ပေးကမ်းသူနှင့်သာသက်ဆိုင်ခြင်းဖြစ်သည်ကြောင့် နန်းသွေးရခြင်းမရခြင်းသည်၊ တစ်ဖက်မိန်းကလေးနှင့်လည်းမဆိုင်၊ အရှင်နှင့်သာသက်ဆိုင်ခြင်းဖြစ်သည်။ထိုသို့ပြောနေရသော်လည်း သူသည် အရှင်​၏လက္ခဏာကို အရှင်လူမှန်းမသိတတ်သေးသည့်ငယ်စဉ်ကတစ်ခေါက်သာကြည့်ခဲ့ပေးဖူးပြီး၊ အရွယ်ရောက်လာသည့်အချိန်မှစ၍ ထပ်ကြည့်ပေးဖူးခြင်းမရှိတော့တာဖြစ်သည်။

Ineluctable Onde as histórias ganham vida. Descobre agora