အပိုင်း(၃၅) Unicode

855 117 18
                                    

ဝမ်ရိပေါ် နိုးနေသည်မှာကြာနေပြီဖြစ်သည်။လက်တစ်ဖက်သည်သေလောက်အောင်ကျိန်းစက်နေသော်လည်းလက်မောင်းပေါ်ခေါင်းတင်ကာရင်ခွင်ထဲကျောအပ်ပြီးအိပ်မောကျနေသူအားမလှုပ်မယှက်ဖြင့်စိုက် ကြည့်နေသည်မှာအိပ်ရာနိုးကတည်းကဖြစ်​၏။

ကျန်လက်တစ်ဖက်သည် ချွေးစေးတို့ဖြင့်ကပ်ညိနေသော နားသယ်စပ်နုနုဘေးရှိဆံနွယ်များကိုတစ်ချက်ချင်းဖွဖွသပ်ပေးနေ​၏။ထိုမှတစ်ဆင့်နီရဲတွတ်နေသည့်နားရွက်ဖျား၊နီညိုရောင်အမှတ်အသားများနေရာမလပ်ဖြစ်နေသည့်လည်တိုင်​ကျော့ကျော့နှင့်လျှောကျနေသည့်စောင်ကြောင့်ကိုက်ရာများတစ်စွန်းတစ်စပေါ်လွင်နေသည့်နီထွေးထွေးပုခုံးသားတို့ပေါ်သို့တစ်ဆင့်ချင်းရွေ့လျားလာရင်း...

နှစ်ဦးသားအတူခြုံထားသည့် စောင်အောက်ထဲပုန်းလျှိုးနေသည့်အစိတ်အပိုင်းများထဲမှ ချပ်ချပ်ရပ်ရပ်ဗိုက်သားဖြူဖြူထက်သို့လက်ဖဝါးကိုအပ်ကာအထက် အောက်ဖွဖွသပ်နေပြီး ခန္ဓာကိုယ်ချင်းကြားလေမရှိအောင်ဆွဲကပ်လိုက်၍ ကိုယ်သင်းရနံ့တို့အား တစ်ဆုံးရှိုက်သုံးနေ​၏။

ထို့နောက် လက်ဖဝါးနုနုတစ်ဖက်ကိုဆွဲထုတ်ယူ၍တစိမ့်စိမ့်ကြည့်နေကာသူ့မျက်နှာ၊သူ့ရင်ဘတ်၊သူ့ကျောပြင်၊သူ့လက်မောင်း၊လက်လှမ်းမီရာမှန်သမျှကိုအစွမ်းကုန်ကုတ်ဖဲ့ခဲ့သည့်ပန်းနုရောင်လက်သည်းထိပ်ဖျားများတွင်သူ့သွေးစတချို့ပင်ကပ်ညိနေသည်ကိုတွေ့သည့်အခါ တစ်ချက်ပြုံးလိုက်မိ၍ ဘေးတစောင်းခန္ဓာကိုယ်ကိုအရှေ့သို့အုပ်မိုးညွတ်ကိုင်းပြီးလက်ဖမိုးနုနုပေါ်သို့နှုတ်ခမ်းဖြင့်အချိန်အကြာကြီးဖိကပ်လိုက်​၏။ထို့နောက်တွင်တော့ထိုလက်ကိုစောင်အောက်ပြန်ထည့်ပေးထားလိုက်ပြီးလျှင်အိပ်ရာမှထသွားတော့​၏။

ရေနွေးဖြည့်ထားသော သစ်သားရေချိုးကန်ထဲ၌ ဝမ်ရိပေါ်မျက်လုံးများမှိတ်ချကာခန္ဓာကိုယ်ပေါ်ရှိအစင်းရာအခြစ်ရာများ​၏စပ်ဖျဉ်းဖျဉ်းဖြစ်နေမှုကိုကျေနပ်စွာတမြေ့မြေ့ခံယူနေရင်း၊ ညကဖြစ်ပျက်ခဲ့သည့်အရာများအားလုံးကိုအာရုံထဲသို့ပုံရိပ်များအဖြစ်တစ်ဖန်ပြန်ဝင်လာ​စေ​၏။

Ineluctable Unde poveștirile trăiesc. Descoperă acum