အပိုင်း(၃၃) Unicode

946 121 26
                                    

"ဒီကိုခဏလာဦး ဟိုတစ်ယောက်..."

ဝမ်ရိပေါ်ခေါ်သည်ကြောင့်ရှောင်းကျန့် သူ့ကိုယ်ထက်ဆင်မြန်းထားသည့် နို့နှစ်ရောင် ဝတ်စုံလေးကိုပင့်၍လျှောက်လာသည်။ရွှေခြည်ထိုးခြေနင်းကိုမစီးရသေးဘဲ ခြေအိတ်အဖြူလေးကိုသာဝတ်ဆင်ထားရသေးသည့်ခြေဖဝါးနုနုတို့ကကြမ်းပြင်ထက်သိမ်သိမ်မွေ့မွေ့တရွေ့ရွေ့။

တစ်ခုခုခိုင်းဖို့ထင်၍ အနားသို့ရောက်လာခဲ့ပြီးမှ ဘာမှမပြောဘဲ သူ့ကိုခေါင်းအစ ခြေအဆုံး ရွှန်းရွှန်းစားစားကြည့်နေသည့်ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်ရင်ထဲတစ်မျိုးဖြစ်နေသည်။အကြည့်များကနည်းနည်းလေးပင်မလွှဲတော့သည့်အခါမလုံတော့သလိုဖြစ်လာပြီး သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်ကာ...

"ဘာဖြစ်လို့လဲ..."

"ရုပ်ဆိုးလိုက်တာ..."

"ရုပ်ဆိုးရင်မကြည့်နဲ့ပေါ့..."

"ကိုယ့်မျက်လုံးနဲ့ကိုယ်ကြည့်တာဘာဖြစ်လဲ..."

"ကိုယ့်ရုပ်နဲ့ကိုယ်ဆိုးတာရော ဘာဖြစ်လဲ..."

ဝမ်ရိပေါ်သူ့ရှေ့ကတစ်ယောက်ကို ကြည့်နေမိသည်။

ဟုတ်သည်။ဒီလို တစ်ခွန်းမကျန် ခွန်းတုံ့ပြန်တတ်ပုံတွေကိုအနည်းဆုံးတစ်ရက်မှာသုံးခါလောက်မကြားရရင်သူတကယ်မနေနိုင်။

မျက်ခုံးတန်းသွယ်သွယ်တွေကဗျာဆန်ဆန်တွန့်ကွေးသွားပုံ၊တစ်ခါတစ်လေမျက်စောင်းမမြည်တဲ့မျက်စောင်းတွေ ဖန်တီးလိုက်ပုံ၊ ကြမ်းပြင်ပေါ်ခြေဆောင့်ပြီး အနားမှထထွက်သွားတတ်ပုံတွေနဲ့ တစ်ရက်တစ်မျိုးကိုမရိုးစေရတဲ့မူဟန်တွေကသူ့ကိုတအား...။

ဒီတစ်ယောက်သူ့ဘေးမှာရှိနေရုံနဲ့တင်သူ့ရင်ထဲဖြစ် ပေါ်လာတတ်တဲ့ခံစားချက်ကဘာနဲ့မှမတူသလို အဲ့ဒီခံစားချက်ကိုသူခေါင်းစဉ်တပ်လို့မရ။သေချာသည်ကသူ့အတွေးနယ်ထဲ စစ်ရေးအပြင်နောက်ထပ်နေရာယူလာနိုင်သည့်အရာတစ်ခုရှိလာသည်ဆိုတာပဲ။

"ဒီနေ့ပွဲမှာ ကျုပ်နည်းနည်းပါးပါးသောက်မိလိမ့်မယ်..."

သူပြောတော့ "အဲ့တာဘာလုပ်ရမှာလဲ"ဆိုသည့်အကြည့်ဖြင့်ကြည့်လာသည်။အဲ့လိုထုံပေပေပုံကိုလည်းသူအရမ်း...။

Ineluctable Donde viven las historias. Descúbrelo ahora