အပိုင်း(၁၁) Unicode

755 103 17
                                    

လူရှင်းသည့်ဓာတ်လှေကားအတွင်းသို့ ရှောင်းကျန့်နှင့်ဒီယေဂိုတို့ဝင်လိုက်သည်။မရှေးမနှောင်းမှာပင် ဝမ်ရိပေါ်နှင့် ခွန်းလျန်တို့ရောက်ရှိလာကာ၊ဓာတ်လှေကားခလုတ်များကို သူတို့ရောက်ရှိနေသည့် ရှစ်လွှာ​၏ နောက်တစ်ထပ် ၇ လွှာမှစ၍ မြေညီထပ် ရောက်သည်အထိ နံပါတ်အကုန်နှိပ်လိုက်​၏။

ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့် ရှောင်းကျန့်သူ​၏ Long coat ၊ ဦးထုပ်နှင့်နေကာမျက်မှန်တို့အားချွတ် ကာ ခွန်းလျန်ကိုကမ်းပေးလိုက်သည်။ခွန်းလျန်သည် လည်းသူ​၏ကိုယ်ထက်မှ ခြင်္သေ့ဖြူတို့ဝတ်နေကျအဖြူရောင်ကုတ်အင်္ကျီကိုချွတ်၍ ရှောင်းကျန့်ဆီသို့ကမ်းပေးသည်။

အဖြူဝတ်ထားတာခြင်းတူညီသည်ကြောင့် နောက် ယောင်ခံလိုက်နေသူများကို ပုံမှားရိုက်နိုင်ရန် အဝတ်အစားများလဲလှယ်ပြီးချိန်တွင် ခွန်းလျန်​၏ဦးခေါင်းထက်ရောက်နေသော ဦးထုပ်ကိုရှောင်းကျန့်ကြည့်ကာ...

"အင်္ကျီနဲ့ မျက်မှန်က ကိစ္စမရှိဘူး...ဦးထုပ်လေးကိုတော့ဂရုစိုက်ပေးနော် ခွန်းလျန်...အဲ့ Cloche လေးက အီတလီမှာရှိတဲ့ကိုယ့်ဒီဇိုင်နာက ကြာပင်တွေကိုပေါင်းခံပြီးရလာတဲ့ချည်ကိုလက်နဲ့တစ်ချက်ချင်းချုပ်..."

ရှောင်းကျန့် ဆုံးအောင်ပင်မပြောနိုင်။ဓာတ်လှေကားမှာ သုံးလွှာမြောက်သို့ရောက်လာပြီးဝမ်ရိပေါ်​၏ ဆွဲခေါ်သွားမှုနောက်ကိုပါသွားသည်။သုံးလွှာမြောက်၌ ဓာတ်လှေကားထဲမှထွက်လိုက်သည့် ဝမ်ရိပေါ်နှင့် ရှောင်းကျန့်သည် ရိုးရိုးလှေကားများရှိရာသို့ဦးတည်သွားသည်။ဒီယေဂိုနှင့် ခွန်းလျန်မှာမူ ဟိုတယ်မှအရောင်ပြထွက်သွားရမည်ဖြစ်၍ မြေညီထပ်ထိဆင်းသွားသည်။

ကားများထားရှိရာဖြစ်သည့် မြေအောက်ထပ်တစ်နေရာထိ ဝမ်ရိပေါ်​၏ဆွဲခေါ်မှုနောက်မှာရှောင်းကျန့်အသက်ရှူချိန်ပင်မရှိတရွတ်တိုက်ပါလာခဲ့သည်။ကရာတေးဆော့သူဖြစ်၍သက်လုံကောင်းသော်လည်း လှေကားအတက်အဆင်းသိပ်မလုပ်ဖြစ်သည့်ရှောင်းကျန့်သည် ခဏလေးအတွင်းမှာပင် ခြေထောက်ညောင်းချင်သလိုဖြစ်လာရသည်။

Ineluctable Where stories live. Discover now