အပိုင်း(၁၂) Unicode

722 94 11
                                    

"မြောက်နန်းဆောင်ဘက်ကို အရှင်ကြွမြန်းသွားပါတယ်..."

မနက်ခင်းချိန်ခါရံရွှေတော်မောင်းမတစ်ဦးလာပေးသောသတင်းကြောင့်ဝမ်မိဖုရားကြီး ရာဇအိန္ဒြေမဆယ်နိုင်အောင်ပင်သိချင်သည့်စိတ်ကိုဖုံးမရဖိမရဖြစ်နေသည်။

မြောက်နန်းဆောင်...

မြောက်နန်းဆောင်...

မနေ့ကအထိအလွတ်ကြီးဖြစ်နေခဲ့သည့် မြောက်နန်းဆောင်မှာဘာရှိနေတာလဲ။

မြောက်နန်းဆောင်​၏ပတ်ပတ်လည်၌စစ်သည်ရဲမက်များကာရံထားသည့်လူတံတိုင်းတစ်ခုရှိနေသည်ဟုသိရပြီး၊ မည်သည့်အရာကိုစောင့်ကြပ်နေသည်ကိုတော့သူမသိရှိရ။

မနေ့ညက သူ သူ့သားတော်​၏အဆောင်သို့သွားရောက်ခဲ့ကာ အောင်မြေနင်းသည့်အထိမ်းအမှတ်အဖြစ် သားအမိနှစ်ဦးညစာပွဲတော်အတူတည်ခဲ့ကြပြီး မိခင်တစ်ဦးအနေနဲ့ မိဖုရားမရှိသေးသည့်သားတော်ကို တောင်နန်းဆောင်မှာရှိနေသည့် ကိုယ်လုပ်တော် ချီရှန့်အား မိဖုရားတင်မြှောက်ဖို့စဉ်းစားသင့်ပြီဖြစ်ကြောင်းအကြံပေးခဲ့သည်။

ထို့အပြင် တစ်ဖက်မိန်းကလေးစိတ်အားငယ်မှုမဖြစ်ရလေအောင် တစ်ခါမှဝင်ဖူးသေးခြင်းမရှိသည့် အိပ် ဆောင်ဝင်ဖို့ကိစ္စကိုလည်းတိုက်တွန်းခဲ့သော်လည်း စိတ်ဝင်စားမှုမပြခဲ့သည်ကြောင့် ဆက်ပြောနေလျှင် သူ့အပေါ်ပါအမျက်ရှလာမည်စိုး၍အတင်းအကြပ် ဆက်မတိုက်တွန်းဖြစ်ခဲ့တော့။

ရယူပိုင်ဆိုင်လိုစိတ်တစ်ခုတည်းသာရှိသည့်သားတော် သည် မည်သည့်စိတ်ဓာတ်မျိုးရှိသည်ဆိုတာကိုသူအသိဆုံးဖြစ်သည်။

ယခင်ကေသရာဇာအရှင် သက်တော်ထင်ရှားရှိတုန်းကဖြစ်​၏။သူ့သားတော်သည်နန်းလွှဲပေးဖို့အချိန်မတိုင်ခင်ကတည်းက မင်တိုင်းပြည် အား တိုက်ယူလိုပြီဖြစ်သောကြောင့် ထီးနန်းကိုတောင်းယူခဲ့သည်ဖြစ်ပြီး ယခင်အရှင်မှ ငြင်းဆန်ရင်းအချင်းများခဲ့ကြပြီးနောက် သားတစ်ဦးကဖခင်တစ်ဦးအပေါ်မလုပ်သင့်သည့်အလုပ်ကိုလုပ်ခဲ့​၏။

နန်းတွင်းတစ်ခုလုံး သိထားခဲ့သည်မှာ ယခင်အရှင်သည် နာတာရှည်ရောဂါတစ်ခုဖြင့်နတ်ရွာစံသည်ဟုသာဖြစ်ပြီး၊အမှန်စင်စစ်မှာမူ ဝမ်းတွင်းအစိတ်အပိုင်းများအား တစ်စစီကြွေကျပျက်စီးနိုင်သည်အထိပြင်းထန်လွန်းလှသော အဆိပ်ခတ်ခြင်းခံခဲ့ရသည်ကြောင့်အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်​၏။

Ineluctable Where stories live. Discover now