4

1.6K 195 0
                                    

       "မသေဆေး လက္ဖက်ရည်?"၀မ်ကျင်း လက္ဖက်ရည်ခွက်ကို ကောက်ယူလိုက်ကာ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ပြက်ရယ်ပြုလိုက်၏:"ဒီနေရာက ဒဏ္ဍာရီလာ တိုင်းပြည်လို့ပဲ ခင်ဗျား ပြောလိုက်ပါတော့လား?"

       "၀မ်မိသားစုက သခင်ငယ်လေးက တကယ်ကို ထက်မြက်တာပဲ"

       " . . . "၀မ်ကျင်း ငုံထားတဲ့လက္ဖက်ရည်ကို ထွေးထုတ်လိုက်မိတာကြောင့် စားပွဲတစ်ခုလုံး စင်သွားလေသည်။

       အဖိုးအိုက လက္ဖက်ရည်တွေကို ပူပင်သောကရောက်စွာ ကြည့်လိုက်ရင်း:"ဒီလက္ဖက်ရည်က ၀ိဥာဥ်ရေးရာ လက္ဖက်ရည်တစ်မျိုးပဲ,မင်းက အချိန်ကို ဖြုန်းတီးပစ်လိုက်တာပဲ!"

        အဖိုးအိုက ထိုသို့ပြောလာပေမယ့်လဲ နောက်ထပ် လက်ဝှေ့ယမ်းလိုက်ကာ သူ့အတွက် လက္ဖက်ရည်တစ်ခွက် ထပ်ထည့်ပေးလာပြီး:"ဒီတစ်ကြိမ်တော့ မင်းကို ထပ်ထွေးထုတ်ဖို့ ခွင့်မပြုဘူးနော်"

        ၀မ်ကျင်း ဘာတွေဖြစ်နေတာလဲဆိုတာ နားမလည်ပေမယ့် အဖိုးအိုရဲ့စကားတွေက လူတွေကို စိတ်ရှုပ်ထွေးစေနိုင်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေသလိုပင်။သူ မသိလိုက်ပါဘဲ လက္ဖက်ရည်ကို တစ်ဖန်ပြန်ကောက်ယူလိုက်ကာ သောက်မိသွားခဲ့၏။သူ အသက်ပြင်းပြင်း တစ်ချက်ရှုကာ ဖြေးဖြေးချင်း မျိုချလိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက လန်းဆန်းသွားခဲ့လေသည်။

         အဖိုးအိုက ထိုအခြင်းအရာကို သူ့ရဲ့မုတ်ဆိတ်မွေးတွေအား ပွတ်သပ်ရင်း စွေစောင်းကြည့်နေခဲ့ပြီးမှ စိတ်သက်သာရာရသွားသလိုမျိုး ကြည့်လာ၏။

        "နောက်ဆုံးတော့ အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှုကို တွက်ချက်လို့ရပြီ"အဖိုးအို လက်ဝှေ့ယမ်းလိုက်တော့ သူ့(၀မ်ကျင်း)ရှေ့မှာ ဂါထာမန္တာန်အဖြစ် အသုံးပြုတဲ့ အလင်းဖောက် စာလုံးတွေနဲ့တူတဲ့ အရာ၀တ္ထုတွေ  အများကြီး ပေါ်လာလေသည်။ထို့နောက် အဖိုးအိုကပြောလာ၏:"လာခဲ့,ရွေးချည်"

        " ? "၀မ်ကျင်း ပဟေဠိဖြစ်စွာ ကြည့်လိုက်ပြီး:"ဘာကိုရွေးရမှာလဲ?"

        အဖိုးအိုက ကူကယ်ရာမဲ့စွာ ကြည့်လာပြီး:"မင်းစိတ်တိုင်းကျတာ ရွေးလိုက်ပေါ့"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now