25

1.1K 165 10
                                    

25

၀မ်ကျင်း အံ့သြသွားပြီး တဒေါက်ဒေါက်နဲ့ အိမ်ထဲပတ်ရှာပေမယ့်လဲ ထိုလူကို မတွေ့ရပေ။

သူ အိမ်ပြင်ထွက်လိုက်တော့ အပြင်ဘက် လေးဘက်လေးလံလုံးက မှောင်နေပြီဖြစ်၏။၀မ်ကျင်း ခြေထောက်မလိုက်ပြီး အရှေ့ကို ဆက်သွားဖို့ ပြင်လိုက်ပေမယ့် သူ့အရှေ့က မှောင်မည်းနေပြီး ထိုအမှောင်ထဲမှာ သရဲတစ္ဆေတွေနဲ့ နတ်ဆိုးတွေ ပုန်းစောင့်နေကာ . . . . သူရှေ့ထွက်လာရင် လက်ဆန့်ကာ ဖမ်းဆီးတော့မလိုမျိုး ထင်လာခဲ့လေသည်။

၀မ်ကျင်းတစ်ယောက် သူ့ဘာသာသူ တွေးရင်း ကြောက်လန့်လာပြီး နည်းနည်း အေးလာသလို ခံစားလိုက်ရကာ တစ်ကိုယ်လုံး တုန်ယင်လာ၏။အရင်ဘ၀တုန်းက သူ ညဘက် အပြင်ထွက်ရင် သူ့ရဲ့ရှေ့ရောနောက်မှာပါ မီးခွက်ကိုင်ထားပေးကြတဲ့ အစေခံမိန်းကလေးတွေ ရှိလေသည်။ဘယ်မှာ တကယ် မှောင်မည်းနေခဲ့လို့လဲ?

၀မ်ကျင်း ဆန့်ထုတ်ထားတဲ့ ခြေထောက်အား ပြန်ရုတ်လိုက်၏။

ထားလိုက်ပါတော့,အိမ်ထဲပြန်သွားပြီးတော့ပဲ စောင့်နေတော့မယ်။

၀မ်ကျင်း ကုတင်ပေါ် ပြန်လှဲချလိုက်ပြီး စောင့်နေရင်း စောင့်နေရင်းနဲ့ အိပ်ပျော်သွားခဲ့လေသည် . . . ။

သူ့ဘေးနားမှာ ထိုလူမရှိလို့ ဖြစ်နိုင်၏။၀မ်ကျင်းတစ်ယောက် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ပေဘဲနောက်တစ်နေ့ အိပ်ရာနိုးလာချိန်မှာတော့ အားအင် သိပ်မရှိနေပေ။၀မ်ကျင်း ထိုလူရဲ့ပုံသဏ္ဍန်ကို အလိုလို လိုက်ရှာနေမိလေသည်။

မနေ့ညက အိမ်ထဲမှာရေချိုးထားတဲ့ အညစ်အကြေးရေတွေက သန့်ရှင်းထားပြီးသား ဖြစ်နေပြီ ဖြစ်သည်။ဒါပေမယ့် အိမ်ထဲမှာ ထိုလူရဲ့အရိပ် ရှိမနေပေ။၀မ်ကျင်း ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အပြင်ပြေးထွက်ကာ ရှာလိုက်၏။

အပြင်ဘက် ခန်းမမှာ မုကောအာ ထိုင်နေလေသည်။မုကောအာက ရက်ကန်းစင်နဲ့ ကစားနေပြီး အထည်စ,က မနေ့ကထက် အများကြီး ပိုများနေပြီဖြစ်သည် . . . .

မုကောအာတစ်ယောက် ၀မ်ကျင်း နိုးလာတာကို မြင်လိုက်ရတော့ ၀မ်းသာအားရ နှုတ်ဆက်လိုက်၏:"အားကျင်း,မင်းနိုးပြီပေါ့,အမြန်လာကြည့်ကြည့်,ငါ ဒီဟာကို အရှိန်မြှင့်ဖို့ နည်းလမ်းရှာတွေ့ပြီ"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now