31

1K 146 13
                                    

31

   ရုတ်တရက် အဝေးကနေ ယောကျာ်းတစ်ယောက်ရဲ့ အသံသြသြကြီး ထွက်ပေါ်လာတာကြောင့် လူတိုင်း လှမ်းကြည့်လိုက်ကြ၏။

   တစ်ကိုယ်လုံးက ရိုးရှင်းတဲ့ တိရစ္ဆာန်အ၀တ်အစားနဲ့ဖြစ်ပေမယ့် ထိုလူ့ရဲ့ ပြင်းထန်တဲ့ရောင်ဝါကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ပေ။မွေးရာပါ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ဖြစ်နိုင်၏။သူ့ကို ကြည့်ရတာ မွေးရာပါ ရှင်ဘုရင်တစ်ပါးလိုပင်။ထိုလူက ရှေ့ကိုလှမ်းလာနေပြီး ထက်မြက်လွန်းတဲ့ သတ္တိကြောင့် လူတွေက သူ့ကို မကြည့်ဝံ့အောင် အချိန်အတော်ကြာအောင် ပြုလုပ်နေလေသည်။

   အခင်းနေရာရှိ လူတိုင်း အံ့အားသင့်သွားကြပြီး သခင်ကို အမှုထမ်းဆောင်နေတဲ့ လက်အောက်ငယ်သားတွေလိုမျိုး အဓိပ္ပာယ်ဖြင့် စိုးရိမ်တကြီး ခေါင်းတွေ ငုံ့လိုက်ကြ၏။

   ဒါပေမယ့် ထိုလူက မွေးရာပါ ချောမောသူဖြစ်ပြီး ဓါးသွားလို မျက်ခုံး၊ဖြောင့်တန်းတဲ့ နှာတံ၊မီးရှုးတိုင်လို လင်းယုန်မျက်လုံးတွေနဲ့ ကောက်ကြောင်းတွေတိုင်းက နတ်ဘုရားတွေ ထွင်းထုထားသလိုမျိုး နက်နဲလှပလှလေသည် . . . အရင်တုန်းက ထိုလူ့မျက်နှာပေါ်က အမာရွတ်ကလဲ အခုမရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။မျက်တောင်တခတ်အတွင်းမှာဘဲ ထိုလူရဲ့ စွဲမက်ဖွယ်ကောင်းမှုကြောင့် အခင်းနေရာရှိ ကောအာတွေအားလုံး မျက်နှာတွေ နီမြန်းလာပြီး နှလုံးခုန်နှုန်း မြန်လာကြလေသည်။

   ထိုလူက အရမ်းကို ချောမောကြည့်ကောင်းလွန်းလှသည်။

   ထိုလူရဲ့ ထက်မြက်လွန်းတဲ့ အရှိန်အဝါကြောင့်သာ မဟုတ်ပါက ယွိ့ကောအာရဲ့ မတ်ပဲအရွယ် မျက်လုံးတွေက ထိုလူရဲ့ ခန္ဓာကိုယ်ပေါ်မှာသာ မထိန်းနိုင်ဘဲ ကပ်နေမိမှာ ဖြစ်၏။

  "ဟန်ကောကော . . . "ယွိ့ကောအာတစ်ယောက် ထိုလူ သူ့ဘေးနားက ဖြတ်သွားချိန်မှာ အော်ခေါ်လိုက်မိ၏။

   ယွမ်ဟန်ရဲ့ ခြေထောက်တွေ ရပ်တန့်သွားခဲ့ပြီး မျက်လုံးတွေထဲမှာ မထီမဲ့မြင်ပြုမှု အနည်းငယ်နဲ့ တစ်ဖက်လူအား ငုံ့ကြည့်လိုက်သည်။ဒါပေမယ့် ယွိ့ကောအာရဲ့မျက်လုံးတွေထဲမှာတော့  ထိုလူက သူ့အပေါ် လျှပ်စစ်ဓါတ်တွေ ထုတ်လွှတ်ပေးနေသလိုမျိုး တစ်ကိုယ်လုံး တုန်ယင်လာပြီး အဆီတွေပါ လှိုင်းလိုမျိုး တုန်ခါလာပုံက တကယ်ကြီး ဓါတ်လိုက်နေလိုမျိုးပင်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now