28

1K 139 8
                                    

28

    "အားကျင်းက မနိုးသေးဘူး,မင်းတို့ ဒါက?"ချက်ချင်းပဲ မုကောအာရဲ့အသံကလဲ ထွက်ပေါ်လာ၏။

   ၀မ်ကျင်း ပြတင်းပေါက်ဆီသွားလိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

   အပြင်ဘက်မှာ Orcတွေ တစ်ဒါဇင်လောက်ရှိနေပြီး အရှေ့ဆုံးမှာရပ်နေတဲ့ လူအချို့က ကြည့်ရတာ အနည်းငယ် ရင်းနှီးနေသလိုပင်။

   "ငါတို့က ကျင်းကောအာကို လာကြည့်ကြတာပါ"သူတို့ထဲမှ တစ်ယောက်က ခေါင်းကုတ်ရင်း ရှက်ရွံ့စွာပြုံးကာ ပြောလာလေသည်။

   နောက်တစ်ယောက်ကလဲ သူ့လက်ထဲမှ ပစ္စည်းကို မြှောက်ပြကာ ထပ်ဖြည့်ပြောလာ၏:"ကျင်းကောအာအတွက် သစ်သီးတချို့ ယူလာပေးတယ်"

   မုကောအာနဲ့ အိမ်ထဲမှာရပ်နေတဲ့ ၀မ်ကျင်းတို့ ထိုအခါကျတော့မှ ထိုorcတွေရဲ့လက်တွေထဲမှာ ပစ္စည်းတွေ အနည်းနဲ့အများ ရှိနေကြတာအား တွေ့သွားခဲ့ကြသည်။

   မုကောအာ အံ့အားသင့်သွားခဲ့ရ၏။မျိုးနွယ်စုထဲက လူတိုင်းက အားကျင်းကို အရူးလေးလို့သာ တိတ်တဆိတ် သတ်မှတ်ထားကြတာကြောင့် လူအနည်းငယ်ကသာ သူနဲ့ နီးနီးကပ်ကပ်နေချင်စိတ် ရှိကြလေသည်။သူ့ကို အစားအစာပေးဖို့ဆို ဝေးလာဝေးပင်။ပြီးတော့ အခု ဒီစားစရာတွေက သစ်သီးလိုမျိုးပင် ရှားပါးအဖိုးတန်တဲ့ အရာတွေ ဖြစ်၏။သိထားရမှာက Orcကမ္ဘာမှာ ဒီလိုအသီးတွေကို orcတွေက သူတို့ရဲ့ကောအာတွေအတွက်သာ ရှားပေးတတ်ကြတာပင်။အခု သူတို့တွေက ဒါတွေကို တခြားအိမ်ကကောအာအတွက် ရှာယူလာပေးကြတယ် . . . .

   မုကောအာ မျက်မှောင်ကြုပ်ရင်း လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်:"ဒီကOrcတို့ အားကျင်းကို အသီးတွေ ပေးတာ မကောင်းလောက်ဘူးလားလို့?အားကျင်းမှာက Orcရှိနေပြီ . . . . "

  မုကောအာ အသံတိုးတိုးဖြင့် သတိပေးလိုက်၏။ထိုOrcတွေရဲ့ မျက်နှာတွေက အရောင်တွေပြောင်းသွားကြပြီး အားလုံးက ရှင်းပြဖို့အတွက် အပြိင်အဆိုင် ပါးစပ်တွေဟလာကြသည်။မျက်တောင်တခတ်အတွင်းမှာဘဲ အိမ်အပြင်ဘက်မှာ ဆူဆူညံညံအသံတွေ ထွက်ပေါ်လာ၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now