23

1.2K 162 9
                                    

23

   ၀မ်ကျင်း မုကောအာကို ကြည့်နေရင်း အနည်းငယ် ထူးဆန်းသွားခဲ့၏။ပုံမှန်ဆို ထိုလူက သူအိမ်မှာမရှိနိုင်တဲ့ အချိန်တွေမှသာ သူနဲ့အဖော်ပြုနေပေးဖို့အတွက် မုကောအာကို ရှာတတ်တာ ဖြစ်သည်။

   ဒါပေမယ့် အခု ထိုလူက အိမ်မှာရှိနေတယ် မဟုတ်ဘူးလား . . .

   ၀မ်ကျင်း မုကောအာကို ဖြတ်ကျော်ကာ အိမ်ထဲမှာ ခဏလောက်လိုက်ရှာကြည့်လိုက်ပေမယ့် ထိုလူရဲ့ အရိပ်အယောင်ကို ရှာမတွေ့ပေ။

   မုကောအာတစ်ယောက် ၀မ်ကျင်း အံ့အားသင့်သွားတာကို စိုက်ကြည့်နေရင်း တစ်စုံတစ်ရာကို တွေးလိုက်မိတာကြောင့် ခေါင်းငုံ့ပြုံးလိုက်ပြီးမှ ပြောလိုက်၏:"အစ်ကိုဟန် ပြောတာတော့ . . . . ငါ့အိမ်ကအားယွမ်နဲ့အတူ မျိုးနွယ်စုထဲက လူအိုကြီးကို သွားရှာမလို့ဆိုပဲ"

   မုကောအာ 'လူအိုကြီး'ဆိုတာကို ပြောချိန်မှာ မျက်နှာအမူအရာဖြင့် တစ်စုံတစ်ရာကို ညွှန်ပြလိုက်သည်။

   "အိုး"၀မ်ကျင်း သူ့ကိုယ်သူတောင် မသိလိုက်ဘဲ စိတ်ပျက်အားငယ်သွားတဲ့လေသံဖြင့် တုံ့ပြန်လိုက်၏။ပြီးတော့ မုကောအာ တိတ်တဆိတ် အရိပ်အမြွက်ပြနေတာကိုလဲ သူ လုံး၀ သတိမထားလိုက်မိပေ။

   မုကောအာ ကိုယ့်ဘာသာကိုယ် ခေါင်းယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်ပြောဖို့ လက်လျှော့လိုက်တော့သည်။အဲ့ဒီအစား ၀မ်ကျင်း ဘာတွေလုပ်နေတာလဲဆိုတာကို ကြည့်ဖို့အတွက် အနားတိုးသွားလိုက်သည်။

   သွယ်လျတဲ့ လက်ချောင်းတွေက ပါးလွှာတဲ့ အဖြူရောင်ချည်မျှင်တွေကို ဖြတ်သွားနေလေသည်။ထိုပါးလွှာတဲ့ချည်မျှင်တွေကို ထူးထူးခြားခြား သစ်သားအခေါင်းပေါက်တွေမှာ ချိတ်ဆွဲထား၏။၄င်းချည်မျှင်တွေကိုအကြိမ်ပေါင်းများစွာအပြန်ပြန်အလှန်လှန် လုပ်နေတာကြောင့် မုကောအာ လုံး၀ အံ့သြသွားခဲ့ရသည်။

   သူ မေးမလို့ ပါးစပ်ဟလိုက်ပေမယ့် ၀မ်ကျင်းက ပုံမှန်မဟုတ်စွာ လေးနက်နေတာကို မြင်လိုက်ရတာကြောင့် တိတ်တိတ်လေးသာ ပါးစပ်ပြန်ပိတ်လိုက်ပြီး ဘေးမှာထိုင်ကာ မေးထောက်ရင်း သူ့ရဲ့လှုပ်ရှားမှုတွေကို ကြည့်နေလိုက်၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now