7

1.4K 160 2
                                    

     မုကောအာ အနည်းငယ် အံ့သြသွားရ၏။သူ ၀မ်ကျင်းကို ပြုစုစောင့်ရှောက်ခဲ့ချိန်တုန်းက ၀မ်ကျင်းက ရှင်းရှင်းလင်းလင်းမပြောတတ်တာကြောင့် သူ့နာမည်ကိုတောင် မပြောနိုင်ခဲ့ပေ။အခုကျတော့ ရုတ်တရက်ကြီး သူ့ကို ခေါ်လာလေသည်။မုကောအာ ၀မ်ကျင်းရဲ့လက်အား ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်ပြီး:"အားကျင်း,မင်း နောက်ဆုံးတော့ ငါ့ကို ချောချောမွေ့မွေ့ ခေါ်နိုင်ပြီပေါ့လေ"

      "အင်း,ငါ မင်းကို ခေါ်နိုင်ရုံတင် မကဘူး,စကားလဲ အများကြီးပြောနိုင်နေပြီ"၀မ်ကျင်း နှုတ်ခမ်းတွန့်ပြီး ချိုသာစွာ ပြုံးပြလိုက်၏။

      " . . . "ယွမ့်ဟန် သူ တခြားလူအား ချိုသာစွာပြုံးပြနေတာကို သဘောမကျပေ။

      အရူးလေးက သူ့ကိုကျတော့ ထိုကဲ့သို့ ဘယ်တုန်းကမှ မခေါ်လာသလို သူများတွေလိုလဲ သူ့ကို ချစ်ခင်စွာနဲ့ ချိုချိုသာသာ ပြုံးရယ်ပြတာမျိုး မလုပ်ဖူးပေ . . . .

       ယွမ့်ဟန် ထိုနှစ်ယောက်နဲ့ စည်းခြားနေသလိုမျိုး ခံစားနေရတာကြောင့် သူ့နှာခေါင်းအား ထိလိုက်၏။

       "ကောင်းပြီ,ဒါဆို ငါ အရင်သွားတော့မယ်"ယွမ့်ဟန် ဘေးကနေ လှမ်းပြောလိုက်သည်။

      ဒါပေမယ့်လဲ ဘယ်သူကမှ သူ့ကို ဂရုမစိုက်လာကြပေ။မုကောအာက ၀မ်ကျင်းကို ဆက်ဆွဲထားကာ မေးခွန်းတွေ မေးနေပြီး ၀မ်ကျင်းကလဲ ရင်းနှီးမှီခိုနေတဲ့ မျက်၀န်းတွေနဲ့ မုကောအာအား ကြည့်နေတာကို မြင်လိုက်ရတာကြောင့် သူ့ရဲ့မျက်လုံးတွေတောင် နာကျင်သွားခဲ့ရ၏။

      ကံကောင်းတာကတော့ ဒီမုကောက 'ကော'တစ်ယောက် ဖြစ်နေတာပင်!သူကိုယ်တိုင် အရူးလေးကို အဖော်ပြုပေးဖို့ သွားခေါ်ထားတာသာ မဟုတ်ပါက မုကောအား နေရာမှာတင် တိုက်ခိုက်မိမှာအား သူ တကယ် စိုးရိမ်မိသည်။

      ယွမ့်ဟန် သူ့စိတ်ထဲမှ နောင်တလေးအား မျိုသိပ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ လှည့်ထွက်လာခဲ့လိုက်၏။

      ၀မ်ကျင်း ထိုလူထွက်သွားတဲ့ဘက်အား တစ်ချက်ကြည့်လိုက်ပြီးနောက် မုကောအား အိမ်ထဲသို့ ဆွဲခေါ်သွားလိုက်သည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now