8
"ဟုတ်တယ်,မင်းနဲ့ ဘာဆိုင်လို့လဲ ! "နောက်က ကောတစ်ယောက်ကလဲ သံယောင်လိုက်ကာ ပြောလာ၏။
နောက်တစ်ယောက်ကလဲ ရှေ့တက်လာကာ မုကောအာအား တစ်ချက် တွန်းလိုက်ပြီး:"စောင်းရွဲ့နေတဲ့ကောင်,အဝေးကို ထွက်သွားစမ်း"
မုကောအာရဲ့ခြေထောက်က နဂိုကတည်းက အနည်းငယ် စောင်းနေတာကြောင့် ဒီလိုမျိုး ရုတ်တရက် အတွန်းခံလိုက်ရချိန်မှာ ဒယိမ်းဒယိုင်ဖြင့် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
၀မ်ကျင်း မျက်မှောင်ကြုပ်သွားပြီး ကူညီပေးဖို့ ရှေ့ကိုတိုးလိုက်၏။
မုကောအာ ၀မ်ကျင်းရှေ့မှာ ကမန်းကတန်း ရပ်လိုက်ပြီး:"မင်းတို့တွေ အရမ်းလွန်မလာနဲ့!"
ထိုသုံးယောက်က မုကောအာနောက်မှ ၀မ်ကျင်းအား အထက်စီးဆန်ဆန် ကြည့်လိုက်ပြီး:"ငါတို့ လွန်လာတော့ရော ဘာဖြစ်လဲ?"
" . . . "မုကောအာရဲ့မျက်နှာ နီမြန်းလာကာ နှုတ်ခမ်းတွေ တုန်ယင်လာပေမယ့် ပြန်ချေပစရာစကား ရှာမတွေ့တာကြောင့် ဒေါသထွက်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာ၏။
၀မ်ကျင်း လူအချို့ကို စတွေ့လိုက်ကတည်းက စိတ်ထဲမှာ အရင်တုန်းက မူလခန္ဓာကိုယ် ခံစားခဲ့ရတဲ့ လူမဆန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေအား တဖြည်းဖြည်း ပြန်မြင်လာခဲ့လေသည်။
ထို လူမဆန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုအချို့က မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အသိစိတ်လက်ကျန်အား နှိုးဆပေးလိုက်သလိုပင်။ထိုအရာက သူ့အပေါ် အသည်းအသန် လွှမ်းမိုးလာတာကြောင့် သူ သူတို့အား ခွဲထုတ်ပစ်လိုက်သည်။
၀မ်ကျင်း ရုန်းကန်နေကြတာကို ထိန်းရင်း တဖြည်းဖြည်း မျက်လုံးတွေ နီရဲလာကာ အသက်ရှူသံတွေလဲ လေးလံလာခဲ့၏။
ထိုသုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်တဲ့ ကျွီကောအာက ၀မ်ကျင်းရဲ့ပုံစံကို မြင်လိုက်ရတော့ အထင်အမြင်သေးသလို အေးစက်စက် နှာမှုတ်လိုက်ပြီး သရော်သလို တိုက်ခတ်ပြောဆိုလိုက်သည်:"ယို့,အရူးလေး,ဒါက လူတွေကို ထပ်ပြီး တိုက်ခိုက်ဖို့ စဥ်းစားနေတာလား?"
YOU ARE READING
အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်း
RomantikusAuthor-水金木 (Shui jinmu) Title-重生之疯哥儿 Cover photo is not mine Chinese BL Myanmar translation End - 178