13

1.3K 176 5
                                    

13

   အားလုံးပြန်သွားကြတဲ့ နောက်မှာတော့ ယွမ်ဟန် ၀မ်ကျင်းရှေ့ ထိုင်ချလိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတွေအား နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်၏။ဆေးအနှစ်တွေက လမ်းတစ်လျှောက်လုံး ပွတ်တိုက်မိခဲ့တာကြောင့် အတွင်းဘက်မှ ဒဏ်ရာတွေက ပေါ်ထွက်လာလေသည်။

   အသားဖြူဖြူပေါ်မှာ ပွန်းပဲ့ဒဏ်ရာအချို့က ဖုံးအုပ်နေပြီး ဒဏ်ရာအဟောင်းပေါ် ဒဏ်ရာအသစ်တွေ ထပ်တိုးလာတာက ဘယ်နှစ်ခါပဲကြည့်ကြည့် ယွမ်ဟန်အား အမြဲတမ်း ခံစားရစေ၏။ထို့ကြောင့် သူ နူးညံ့တဲ့အသံဖြင့် မေးလိုက်သည်:"နာနေသေးလား?"

  ၀မ်ကျင်း ခဏလောက် အံ့အားသင့်နေပြီးမှ ထိုလူရဲ့အကြည့်အတိုင်း သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတွေအား ကြည့်လိုက်၏။

   တကယ်တော့ ဟိုတစ်ခေါက် အိမ်မက်ထဲမှာ လက်ဖက်ရည်တစ်ခွက်သောက်ကာ နိုးလာပြီးနောက် သူ့ရဲ့ဒဏ်ရာတွေက ခဏလေးပဲ နာကျင်တော့ကာ နောက်ပိုင်းရောက်တော့ နာကျင်နေတာတွေက အမြန်ပြန်ပျောက်ကွယ်သွားတာအား သူ သိရှိခဲ့ရသည်။ဒဏ်ရာတွေကျက်ဖို့ အချိန်နည်းနည်း ကြာပေမယ့်လဲ နာကျင်ကိုက်ခဲမှုကတော့ ပျောက်ကွယ်သွားခဲ့လေသည်။

   ဒီတစ်ခေါက်လဲ အတူတူပင်။နိုးလာလာချင်းတုန်းက သည်းမခံနိုငိလောက်အောင် အရမ်းနာကျင်ခဲ့ပေမယ့်လဲ သိပ်မကြာခင်မှာဘဲ နာကျင်နေတာတွေက အံ့သြစရာကောင်းလောက်အောင် ပျောက်ကွယ်သွားခဲ့၏။

   အခု သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ကြည့်လိုက်ရင်တော့ တကယ် ကြောက်စရာကောင်းနေပေမယ့် သူ့အပေါ်မှာတော့ တခြားဘာသက်ရောက်မှုမှ မရှိနေပေ။

   ၀မ်ကျင်း စကားပြောခါနီးမှာဘဲ မျက်လုံးထောင့်ကနေ ထိုလူရဲ့ စိုးရိမ်နေတဲ့ အကြည့်အား မြင်လိုက်ရ၏။ထိုခဏမှာ သူ ဘာဖြစ်သွားသည် မသိပေ။'ဘာမှမဖြစ်ပါဘူး'လို့ ပြောမလို့ကနေ မျက်တောင်တခတ်အတွင်းမှာဘဲ ညုတုတုအသံ ​ဖြစ်သွားကာ:"နာတယ်, နာနေတယ်"

   ချိုသာတဲ့အသံနဲ့ မကျေနပ်ချက်ကို ပြောလာပုံက ပျားရည်သုတ်လိမ်းထားတဲ့ ဓားလိုမျိုး မျက်တောင်တခတ်အတွင်းမှာဘဲ ယွမ်ဟန်ရဲ့နှလုံးသားအောက်ခြေထိ တည့်တည့်၀င်ရောက်လာလေသည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now