19

1.1K 151 11
                                    

19

  ဒါပေမယ့် . . . အ၀တ်အစားအကြောင်း ပြောကာမှ သူ နောက်ထပ် ကိစ္စတစ်ခုကို ထပ်စဥ်းစားမိသွား၏။

  ၀မ်ကျင်း အလွန်လေးနက်တဲ့ မျက်နှာအမူအရာနဲ့ ထရပ်လိုက်တော့ မုကောအာတစ်ယောက် လန့်သွားပြီး အတူတူ ထရပ်လိုက်မိလေသည် . . . .

   အားကျင်းက ပြန်သွားယူဖို့ စဥ်းစားနေတာများလား?ဒါပေမယ့် ဟိုတစ်ခေါက်က ဒီလောက်တောင် တင်းမာသွားတာ,ဒီတစ်ခေါက် ဒီလိုပုံစံနဲ့ သွားရင် . . .

   မုကောအာ အနည်းငယ် ထစ်ထစ်ငေါ့ငေါ့ဖြင့် ဖျောင်းဖျပြောဆိုလိုက်၏:"အား . . . အားကျင်း?ဒီကိစ္စက ပြီးသွားပြီပဲလေ . . . ငါတို့တွေ ကျော်သွားလိုက်ကြရအောင်ပါ . . . ငါ ပြန်သွားပြီး မင်းအတွက် တိရိစ္ဆာန်၀တ်စုံ ချုပ်ပေးမယ်လေ,မကောင်းဘူးလား?"

   ၀မ်ကျင်း ခေါင်းယမ်းပြလိုက်ပြီး ထောင့်သို့သွားလိုက်ကာ မတိုင်ခင်က သယ်ပြန်လာခဲ့တဲ့ သစ်ရွက်ကြီးနှစ်ရွက်အား မွှေနှောက်ရှာဖွေလိုက်သည်။

   မုကောအာသာ အ၀တ်အစားအကြောင်း မပြောရင် သူ ထိုသစ်ရွက်တွေကို မေ့သွားလောက်ပြီ ဖြစ်၏ . . .

   သစ်ရွက်တွေ ကြီးမားပုံက သူ့ခန္ဓာကိုယ် တစ်၀က်လောက် ရှိလေသည်။သစ်ရွက်ကြီးတွေက အလွန်မာကြောတာကြောင့် တောထဲမှာနေရင် မြေကြီးပေါ်မှာ ခင်းအိပ်လို့ရတဲ့အထိပင်။

   ဒါပေမယ့် သူ ဒါတွေကို ခူးယူလာတာက ခင်းအိပ်ဖို့အတွက် မဟုတ်ပေ။အဲ့ဒီအစား . . .

   ၀မ်ကျင်း လက်ဆန့်တန်းလိုက်ကာ သစ်ရွက်အား ထိတွေ့လိုက်ပြီး လက်ချောင်းထိပ်တွေဖြင့် သစ်ရွက်ရဲ့ သွေးပြန်ကြောတွေကို တိုက်ရိုက် ထိတွေ့ခံစားလိုက်၏။ထိုသွေးပြန်ကြောတွေက အရွက်တွေပေါ်မှာ စနစ်တကျ ဖြန့်ကျက်နေကြလေသည်။

   သစ်ရွက်ကို နေရောင်အောက်ကိုင်ထားကာ ကြည့်လိုက်တော့ အရွက်ရဲ့သွေးပြန်ကြောမှာ ပါးလွှာတဲ့ ချည်မျှင်လိုအရာမျိုးတွေကို မြင်လိုက်ရသည်။အဲ့ဒီချည်မျှင်တွေက ယက်လုပ်ဖို့အတွက် အကောင်းဆုံးပစ္စည်းတွေ ဖြစ်၏!

   ၀မ်ကျင်း ထိုသစ်ရွက်ကို ပထမဆုံး စမြင်လိုက်ချိန်မှာ အထည်တွေရဲ့ပုံရိပ်တွေက စိတ်ထဲမှာ ပေါ်လာခဲ့သည်။ဒီသစ်ရွက်တွေသာရှိရင် သိပ်မကြာခင်မှာ အ၀တ်အစားတွေ ၀တ်နိုင်တော့မယ် ဆိုတာကို သူ သိလိုက်ရ၏။ထို့ကြောင့် ပြန်လာပြီးနောက်မှာ ကျွီကောအာတို့သုံးယောက် ခိုးယူသွားတဲ့ အ၀တ်အစားတွေကို ပြန်တောင်းဖို့ အလျင်မလိုတော့တာ ဖြစ်သည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now