33

1K 169 5
                                    

33

   "အားကျင်းက ရုပ်ရည်ချောမောရုံတင် မကဘူး,လုပ်နိုင်တဲ့ အရာတွေလဲ အများကြီးပဲ,ဥပမာပြောရရင် ဒီအ၀တ်အစားပေါ့,အားကျင်းက ပါးလွှာတဲ့ချည်မျှင်တွေကိုရှာပြီး ငါ့ကို ရက်ကန်းယက်နည်းနဲ့ ဒီအ၀တ်အစားပုံစံကို လုပ်တတ်အောင် သင်ပေးခဲ့တာ"

   မုကောအာ ၀မ်ကျင်းကိုယ်ပေါ်ရှိ အ၀တ်အစားအား လက်ညှိုးထိုးပြလိုက်ပြီး:"အားကျင်းက ငါ ကြည့်လို့ရအောင် ပုံတောင်ဆွဲပြခဲ့သေးတယ်"

   လူတိုင်း အံ့သြသွားခဲ့ကြလေသည်။

   တစ်စုံတစ်ယောက်က မေးလာ၏:"ဒီ အ၀တ်အစားက တိရိစ္ဆာန်အရေခွံနဲ့ လုပ်ထားတာ မဟုတ်ဘူးလား?"

   မုကောအာ ခေါင်းကို မော့လိုက်ပြီး:"သေချာပေါက် မဟုတ်ဘူးပေါ့,ဒီအ၀တ်အစားကို ပါးလွှာတဲ့ချည်မျှင်တွေနဲ့ ယက်လုပ်ထားရတာ,အားကျင်းပြောတာတော့ ဒါကို 'အထည်'လို့ ခေါ်တယ်တဲ့,အရင်တုန်းက အားကျင်း မျိုးနွယ်စုထဲ ၀င်လာတုန်းကလဲ ဒီလိုအ၀တ်အစားတွေ ယူလာခဲ့သေးတယ်,ဒါပေမယ့် တချို့လူတွေဆီမှာ လုယက်ခံလိုက်ရတယ်လေ"

   မုကောအာ ပြောရင်းနဲ့ အကြည့်တွေက ကျွီကောအာတို့ ကောအာသုံးယောက်ဆီ ရောက်ရှိသွားခဲ့၏။ကျွီကောအာတို့ ကောအာသုံးယောက်မှာတော့ သူတို့ရဲ့ တည်ရှိနေမှုကို တတ်နိုင်သမျှနည်းအောင် ထိန်းသိမ်းဖို့ လူအုပ်ကြီးနောက်သို့ ဆုတ်သွားလိုက်ကြသည်။

   ယွမ်ဟန်တစ်ယောက် မုကောအာပြောတဲ့စကားတွေကို ကြားလိုက်ရတော့ ၀မ်ကျင်းကိုယ်ပေါ်ရှိ အ၀တ်အစားတွေအား နောက်တစ်ခေါက် ထပ်ကြည့်လိုက်မိ၏။

   အထည်စက အတော်လေး ပါးလွှာတာကြောင့် အကယ်၍ နွေရာသီမှာ ၀တ်ပါက သေချာပေါက် ပူမှာမဟုတ်တော့ပေ။ပြီးတော့ အရမ်းလဲနူးညံ့တာကြောင့် ၀တ်ထားရင် အတော်လေး သက်တောင့်သက်သာ ရှိမှာပင်။

   အ၀တ်အစားပုံစံက . . . ထူးဆန်းနေပေမယ့်လဲ အရူးလေးနဲ့ အရမ်းလိုက်ဖက်လှသည်။

   ကြည့်ရတာတော့ အရူးလေးမွေးဖွားရာ မျိုးနွယ်စုက ဒီလိုပုံစံမျိုးပဲ ၀တ်ဆင်တာ ဖြစ်လိမ့်မည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWaar verhalen tot leven komen. Ontdek het nu