Ep3

5.2K 278 0
                                    

မိုး "ငါနင်ထွက်သွားပြီးနောက်ပိုင်း ငါ့အတွက်ခက်ခဲတယ် အရူးတစ်ယောက်လိုပါဘဲ စိတ်မနာပါဘူး စိတ်နာရင် ငါနင့်ကိုပြန်တွေ့ရင်တောင် လှည့်ကြည့်မှာမဟုတ်ဘူး ငါအခုဖြစ်ချင်တာတွေထက် ဖြစ်သင့်တာဖြစ်ထိုက်တာကိုဘဲဦးစားပေးတတ်လာပါပြီး "

ရိပ် "ငါနင့်အကြောင်းတွေစုံစမ်းသေးတယ် ဘယ်လိုမှစုံစမ်းလို့မရဘူး မထင်မှတ်ဘဲပြန်တွေ့ရတာ ငါတကယ်ဝမ်းသာတယ် "

မိုး "ငါကဒီလိုပါဘဲ တိတ်တဆိတ်နေတာအကျင့်ပါသွားလို့ ငါ့အကြောင်းတွေဘယ်သူမှမသိဘူး...."

ရိပ် "အနူးကနင့်ကိုသတိရနေတယ် ငါ့မောင်တွေညီမတွေရောဘဲ ငါကတော့......."

မိုး "ငါလဲသတိရပါတယ် သူတို့ရောပြန်မလာတော့ဘူးလာ "

ရိပ် "သိမ့်လေးနဲ့အားမာန် ကကျောင်းမပြီးသေးဘူးလေ သူတို့ကျောင်းပြီးရင်တော့ ပြန်လာဖြစ်မှာပါ ခဏအလည်ပေါ့ "

မိုး "aww...ကောင်းပါတယ် ငါနင့်ကိုတစ်ခုလောက်တောင်းဆိုလို့ရမလား "

ရိပ် "ပြောလေ ငါကူညီပေးပါ့မယ် "

မိုး" နင်လုပ်မဲ့ဆေးရုံမှာ ငါ့ညီမလေး ဆေးရုံတက်နေတယ် ပြောရမယ်ဆို နှလုံးရောဂါသည်လေးပေါ့ သူ့ကိုနင်ကြည့်ပေးပါလာ ငါတောင်းဆိုတာပါ သူ့ကိုနှလုံးအစားထိုးကုဖို့ ငါတို့စီစဉ်နေတယ် နှလုံးလှူမဲ့သူမရှိသေးလို့ "

ရိပ် " ရတယ်လေ ငါမနက်ဖြန်လိုက်ကြည့်ပေးပါ့မယ် ၊ ကဲငါတို့လဲစကားပြောတာရပ်သင့်ပြီး ငါအခန်းထဲပြန်တော့မယ် မိုး..."

မိုး "Ok good night "

ရိပ်အားအခန်းဝထိလိုက်ပို့ပေးလိုက်ပြီး မိုးရဲ့အခန်းထဲရှိဘားအသေးစားလေးတွင် ဝိုင်ပုလင်းနှင့်ဝိုင်ခွက်ယူကာ ပန်းခြံလေးထဲပြန်ထိုင်ပြီး တစ်ခွက်ပြိးတစ်ခွက်သောက်နေမိသည် သူမဆံပင်တွေခါးထိရှည်နေတုန်းဘဲ....သူမနှုတ်ခမ်းတွေအရင်ကလို ပန်ရောင်သန်းနေတုန်းဘဲ မျက်ဝန်းကြည်ကြည်လေးတွင် ဝမ်းနည်းရိပ်သန်းကာ မိုးမသိအောင် တိတ်တခိုး သက်ပြင်းချနေတာကိုလဲသိသည် သူမဆိုသော မေလရိပ် သည်လွန်ခဲ့သော ဆယ်နှနှစ်ခန့်က အတိုင်းပင် လွမ်းခဲ့ရသောအလွမ်းများအား အတိုးချပြီးသူမအား ပွေ့ဖက်လိုက်ချင်ပင်မဲ့ မီးဆိုတာအပူလောင်တတ်မှန်းတစ်ခါ စမ်းရုံနှဲ့လုံလောက်တဲ့သက်သေရတာမို့ အချစ်ဆိုတာလဲ နာကျင်တတ်မှန်းသိလို့ မယုံရဲတော့တာ ကျွန်မရဲ့အားနည်းချက်ပါဘဲ.....။

Last 12years ago....

ကိုယ်တန်းဖိုးထားတဲ့အရာနှစ်ခုကို လောဘကြီးပြီး တပြိုင်ထဲဆုပ်ကိုင်ထားလို့မရမှန်းငါသိတယ်
တခုကိုလိုချင်ရင် တစ်ခုကိုစွန့်လွတ်ရမှာဘဲ
ငါ့ကိုမရွေးချယ်တာကိုလဲငါခွင့်လွတ်နိုင်တယ် ဒါပင်မဲ့နင့်လုပ်ရပ်က ငါအသက်ရူဖို့ခက်ခဲလောက်တဲ့အထိဖြစ်စေတယ် ရိပ်........နင်ငါ့ကိုသစ္စာဖောက်ခဲ့တယ်။

မူလသခင်Where stories live. Discover now