Ep18

4.4K 217 18
                                    

ခွဲစိတ်ခန်းရှေ့တွင် ငုတ်တုပ်ထိုင်ကာ မျက်ရည်တစ်ပေါက်ပေါက်ဖြင့် ဆုတောင်းနေသော မိန်းကလေးတစ်ယောက်ကို  မြင်ရတာနှင့်ပင်  သူမရင်ထဲဘယ်လောက်ပူဆွေးနေသလဲဆိုတာမြင်လို့ရသည်။

အနူး "သမီးရိပ် မိုးလေးကဘယ်လိုဖြစ်ရတာလဲ "

ရိပ်"အနူး....သူ သမီးကိုမထားခဲ့ဘူးမလားဟင် သူ့စိတ်ကူးထဲတောင် သမီးနဲ့ သွေးလေးကိုထားခဲ့ဖို့စိတ်မကူးဘူးမလား......သမီးကြောက်တယ်အနူး...."

မိမိရောက်သည်နှင့် ငုပ်တုပ်ထိုင်ရာမှ မိမိရင်ခွင်ထဲတိုးဝင်ကာ
ငိုကြွေးနေသော သမီးရဲ့အဖြစ်ကိုကြည့်ပြီး မိမိကိုယ်တိုင်လဲ
မျက်ရည်ကျမိပါသည်။ထိုစဉ် Nurse မလေးထွက်လာသည်မို့ ရိပ် ချက်ချင်းထလိုက်ပြီး....

ရိပ် "သူအခြေအနေအရမ်းဆိုးသလား...ဆရာမလေး.."

Nurse "သေနတ်ကသုံးချက်တောင်ထိထားတာ ဒေါက်တာလဲ ခန့်မှန်းမိမှာပါ ပြီးတော့သွေးထွက်လွန်နေလို့
သွေးသွင်းဖို့လိုတယ် အခုသွေးရှာမလို့....."

ရိပ်" မိုးက Oသွေး ရိပ်လဲOသွေးဘဲ ရိပ်သွေးထုတ်ပေးမယ်
သွေးတစ်ရိပ်ထဲနဲ့တော့လောက်မှာမဟုတ်ဘူး ဆရာမရှိပြီးသားသွေးကိုသွားယူလိုက် ရိပ် သွေးထုတ်ထားဖို့သွားနှင့်မယ် "

Nurse "ဟုတ်ကဲ့...."

ရိပ်သွေးစစ်ပြီး သွေးထုတ်ယူနေချိန်....အကယ်၍ မိုးကိုသာ
အသက်ရှင်ခွင့်ပေးမယ်ဆို ရိပ်ရဲ့အသက်ကိုနှုတ်ယူမယ်ဆို
လဲကျေနပ်ပါတယ် ဘုရားသခင် ရိပ်ရဲ့အသက်ရှင်ခြင်းက သူ့အတွက်ဖြစ်တည်ခဲ့တာမို့ ဘုရားသခင်နည်းနည်းတော့
သက်ညှာပေးပါ ရိပ်တို့ပြုလုပ်ခဲ့တဲ့ အလှူအတန်း ရိပ်တို့သူတပါးအပေါ်သက်ညှာခဲ့တာ တွေအားလုံးကို သက်ညှာပြီး ဘုရားရှင်ကယ်ပေးမယ်ဆို သူသေချာပေါက်အသက်ရှင်မယ်ဆိုတာ ရိပ်သိတာမို့ သူ့ကိုကယ်ပေးပါ.....။လူဆိုတာကယ်တင်ရာမတွေ့ရင် ဘုရားရှင်ဆီ ချည်းကပ်ကြတာချည်းဘဲမို့ ရိပ်ဘာတစ်ခုမှမတတ်နိုင်သည့်အခြေအနေတွင် ဘုရားဆီဆုတောင်းရုံမှလွဲပြီးရိပ်ဘာတတ်နိုင်အုံးမလဲ...။

ဒေါက်တာ " ခွဲစိတ်မူကတော့အောင်မြင်ပါတယ် သူ့အခြေအနေကိုစောင့်ကြည့်ရအုံးမယ် ဒေါက်တာလဲသိမှာပါ။
သူ့သေနတ်ဒဏ်ရာက ညာဘက်ပုခုံးနဲ့ ဝမ်းဗိုက် အစာအိမ်နားလေးမှာဆိုတော့ ဟိုတစ်ခါသူ ဓားထိထားတဲ့နားလေးဆိုတော့နည်းနည်းတော့ သတိထားပြီး
ခွဲစိတ်ခဲ့တယ် အနာပေါ်ထပ်ပြီးအနာပေးသလိုဖြစ်နေတော့
ပြန်ကောင်းလာဖို့အချိန်ယူရအုံးမယ် နောက်တစ်ချက်က ပေါင်ကိုထိထားတယ် အရေးကြီးဆုံးက ဝမ်းဗိုက်ကဒဏ်ရာပါ
ဒီညစောင့်ကြည့်ကြတာပေါ့ အသက်ပြင်းတယ်ပြောရမယ်
ဒီလောက်သွေးဆုံးရူံးထားတာ သူခံနိုင်တယ် ဒေါက်တာရိပ်လဲသွေးပေးထားတာမလား ခဏအနားယူသင့်တယ်....သွားခွင့်ပြုပါအုံး"

မူလသခင်Where stories live. Discover now