EP11

6.1K 251 3
                                    

နေရောင်ခြည်က ရိပ် ၏မျက်နှာပေါ်ကျလာသည်မို့ နေရောင်ကိုကာရင်း.....မိမိခါးအားဖက်ထားသောလက်တစ်စုံကို သတိထားမိသည်မို့ မျက်လုံးပြူးမိပြီး မိမိခါးကိုဖက်ထားသောသူကို မော့ကြည့်လိုက်ပြီး......
အို...ငါအိမ်မက်များမက်နေတာလာ မိမိမျက်လုံးကိုပြန်ပွတ်ပြီး ပြန်ကြည့်တော့ မိုးမှမိုးပါ....ကလေးလေးကျနေတာဘဲ အိပ်နေတာလေးကလဲ ရိပ်ထမည်အလုပ်တွင် လက်ကိုဆွဲပြီး မိုးကရင်ခွင်ထဲ ပြန်ထည့်ထားသည်မို့.....

မိုး " ငြိမ်ငြိမ်နေစမ်းပါ ခဏလောက်အိပ်ချင်သေးတယ် ချစ်ရဲ့....."

ရိပ် ကိုယ့်နားကိုမနားနိုင်ဘဲဖြစ်နေသည်မို့ ........

ရိပ် " ငါ့ကိုကစားနေတာလာ မိုး နင်မနေ့ကဘဲစေ့စပ်တယ်
အခုငါ့ကိုချစ်လို့ခေါ်တယ် "

မိုး " အဲ့စေ့စပ်တဲ့ကိစ္စကိုထားလိုက်စမ်းပါ နင့်ကိုချစ်လို့ ချစ်လို့ခေါ်တာက ကစားတာမှမဟုတ်တာ "

ရိပ် " ဒါပင်မဲ့....."

မိုး " ငါနင့်ကိုတကယ်ချစ်ခဲ့တာပါ ချစ်ခဲ့လို့လဲ နာကျင်ခဲ့တယ် မုန်းချင်ပင်မဲ့မုန်းမရ နာကျည်းချင်ပင်မဲ့နာကျည်းမရ မေ့ချင်လွန်းလို့. အိပ်ဆေးတွေသောက်ပြီးအိပ်ပစ်တတ်တယ်
နောက်တစ်နေ့နိုးလာတော့လဲ မေ့မရတဲ့အပြင်ပိုပိုလွမ်းလာ
တယ် အဲ့အခြေအနေတွေ ကိုယ့်ခံစားချက်နဲ့ကိုယ် ဘာဆက်လုပ်ရမှန်းမသိဘဲဖြစ်နေခဲ့တာ ဒါကြောင့်နင်ပြန်လာတော့လဲ ငါတွေးကြောက်နေတာ တကယ်လို့နင်ငါ့ကိုနောက်တစ်ခါထပ်ပြီး ထားခဲ့ရင် ဆိုတဲ့အတွေးကပထမဆုံးဝင်လာတာမို့ နောက်ထပ်တစ်ခါ ငါ့အချစ်ကိုဝန်ခံဖွင့်ဟဖို့  ငါသတ္တိမရှိခဲ့တာပါ ဒီဆယ်နှစ်ကျော်ထိ ငါဘယ်သူ့ကိုမှ အစားထိုးလို့မရအောင် နင့်ကိုချစ်ခဲ့တာပါ နင်ယုံပါ့မလားမသိဘူး ငါနင့်ကိုနေတိုင်းလွမ်းနေခဲ့တာ အချိန်တိုင်း သတိရလွမ်းနေလို့
ငါ့အလုပ်တွေကို မရပ်မနားဘဲလုပ်ပစ်တာ ဒါဆိုနင့်ကိုနည်းနည်းလေးများမေ့နိုင်မလားလို့ပေါ့ မရပါဘူး ကြိုးစားလေလေ ပိုလွမ်းလေလေ နင်သိလာငါအဲ့တုန်းက အနာဂတ်ပျောက်ပြီး စိတ်ကျရောဂါခံစားနေတဲ့သူလိုဘဲ...."

မူလသခင်Tempat cerita menjadi hidup. Temukan sekarang