EP9

5.1K 263 6
                                    

မိုး ဒီခရီးစဉ်ကိုမသွားချင်သော်လဲ မာမီ၏တောင်းဆိုမူကြောင့်
သာချက်ချင်းလိုက်လာခဲ့ရသည်။

မာန် " မမလေး ဦးမြတ်သာကိုပို သတိထားသင့်တယ် သူကနာမည်ခံCompanyဘဲရှိတာနောက်ကွယ်ကနေ ဒုစရိုက်တွေအများကြီး လုပ်နေတာ အချိန်မရွေးအန္တရယ်ပေး
နိုင်တယ် "

မိုး " ငါသိတယ် ငါ့ကိုပစ်မှတ်ထားရင်ကိစ္စမရှိဘူး အခုငါ့ကြောင့် ရိပ် ကိုသူတို့အန္တရယ်ပေးမှာစိုးရိမ်နေတာ မာမီကလဲဘာကိစ္စရှိလို အလောတကြီးခေါ်နေလဲမသိဘူး
ဘာဘဲဖြစ်ဖြစ် ရိပ် ကိုဘာအထိအခိုက်မှမရှိစေနဲ့...."

ဟင်း....အရင်အလုပ်ကိစ္စခရီးသွားလျှင် စိုးရိမ်စရာမရှိဘဲ
လွတ်လပ်စွာသွားနိုင်သည် ယခုတော့ US မြေကိုတောင်အခြေမချသေးသည့် လေယာဉ်ပေါ်ကနေ မြန်မာပြည်ကအိမ်ကို စိုးရိမ်မူများနေသည့် မမလေးအား
မာန်တချက်လှည့်ကြည့်လိုက်တော့ မျက်လုံးမှိတ်ထားသည်မို့
အနှောက်အယှက်မပေးတော့ဘဲ မာန် တရေးအိပ်လိုက်သည်။

မိုးMom" Hi...ဘယ်လိုလဲ ပင်ပန်းလာသမီးငယ် "

မိုး " Imm ဒီလိုပါဘဲ မိုးနားချင်ပြီမာမီ ညနေကျမှပြောစရာရှိတာပြောတာ့ "

US ကအိမ်ရောက်ပြီးပြီချင်း သူမအခန်းထဲနားလိုက်သည် အိမ်ကိုဖုန်းဆက်ရမလား....ထားလိုက်ပါ သူတောင်ဆယ်နှစ်ကျော်ထိ မဆက်သွယ်ဘဲနေလာခဲ့တာ ငါဖုန်းမဆက်လဲ ဘာမှဖြစ်မှဖြစ်မှာမဟုတ်ဘူး။

evening....

မိုးMom " စားသမီးငယ်သမီးငယ်စားဖို့မာမီချက်ထားတယ် "
မာမီကပြောလဲပြောရင်း ထည့်လဲထည့်ပေးနေတာမို့ မိုးမတားလိုက်နိုင်ဘဲ မာန်ကဝင်ပြောပေးလိုက်သည်။

မာန် " အန်တီ မမလေးက ဝက်သားမစားဘူး "

မိုးMom" Oh...ဟုတ်လာသမီးငယ် မာမီမသိလိုက်ဘူး "

မိုးမခံနိုင်တော့ဘဲ ပြန်ပြောလိုက်သည့်စကားက ဘေးနားမှာနေသည့် မာန်ပင် မမလေးအားသနားသွားသည်။

မိုး "ဘယ်သိလိုက်မလဲမာမီ မာမီတို့ကမိုးကို စီးပွားရေးကိစ္စလောက်မှစိတ်မဝင်စားခဲ့ဘဲ ကိုယ့်သမီးဘာခံစားနေရတယ် ဘာဖြစ်နေလဲ ဖျားနေလာ ဘာဟင်းကြိုက်တယ် ဘာမကြိုက်ဘူး ဆိုတာထက် မာမီနဲ့ဒယ်ဒီတို့ မာနကြားမှာ မိုးကအဆိပ်သင့်ခဲ့တာပါ မိုး Us မှာနေခဲ့တဲ့ ၇ နှစ်ပတ်လုံးလဲ မာမီတို့ကဂရုစိုက်ခဲ့လို့လာ မာမီတို့ Company ကိစ္စတွေနဲ့ဘဲ ရူပ်နေခဲ့တာ ကိုယ့်သမီးနေမကောင်းရင်တောင်လာမကြည့်ခဲ့ကြတာ တကယ့်အမေရင်းမှဟုတ်ရဲ့လား လို့တောင်သံသယဝင်တယ်
ရှိန်ကမနာလိုစရာကောင်းတယ် မာမီ သူ့အမေကသူ့ဘေးနားကနေ တချိန်လုံးဂရုစိုက်ပေးတယ်
သူ့သမီးမျက်နှာရိပ်ကြည့်တာနဲ့တင်ဘာလိုအပ်လဲဆိုတာ သိနေတဲ့မိခင်မျိုးသူရတယ်"

မူလသခင်Where stories live. Discover now