Ep12

9.7K 272 30
                                    

သုံးလကြာပြီးနောက်.....

မိုး ဒီညဒင်နာတက်စရာရှိတာမို့ စောစောပြန်လာကာ ရေချိုးပြီး
ဒူးဖုံးဂါဝန်ကိုယ်ကျပ်အားဝတ်လိုက်ပြီး အိမ်အောက်သို့ဆင်းအလာတွင် ယခုမှဆေးရုံမှပြန်လာသော ရိပ်က မိုးအားကြည့်ပြီး....

ရိပ် " ဒါနဲ့ဒင်နာတက်မလို့လာ..."

မိုး " Imm lay ချစ်ရဲ့ ဘာလို့လဲ မလှလို့လာ...."

ပခုံးသားများပေါ်ပြီး နို့နှစ်ရောင်အသားအရည်လေးနှင့်လိုက်
ဖက်စွာ အနီရောင်ကိုယ်ကျပ်ဂါဝန်လေးက မိုး၏ခန္ဓာကိုယ်
ကောက်ကြောင်းအား ပိုပေါ်လွင်စေသည့်အပြင် မိုး၏ခန္ဓာကိုယ် လှပမူကမိန်းကလေးချင်းပင်အားကျလောက်အောင်လှနေသည်မို့ ဘယ်ချစ်သူက ဒီလိုသွားစေချင်မလဲ....။

မိုး " ဟိတ် ကောင်မလေး ကြည့်လှချီလာ..."

ရိပ် " ဒီအင်္ကျီက မကျပ်လွန်းဘူးလာ...မိုး"

မိုး " ကွက်တိချုပ်ထားတာလေ ချစ်ရဲ့ မကျပ်ဘူး "

ရိပ် " ပခုံးတွေပေါ်နေတယ်လေ...😒"

မိုး" ဟောဘာများလဲလို့ အူတိုနေတာကိုး....တစ်ခါတလေလေးဘဲဝတ်တာလေး ချစ်ရဲ့ ဒီနေ့ပွဲကမဝတ်မဖြစ်မို့လို့ပါ "

ရိပ် " ရိပ်နဲ့အတူနေရင်တောင် အဲ့လိုမဝတ်တာ အခုအတူသွား
လို့မရတဲ့ ပွဲကျတော့ သူကလှလှပပနဲ့သူများကြည့်အောင်ဝတ်
နေတာ ဘာသဘောလဲ....."

မိုး " အမယေး တစ်ခါလေးဘဲဝတ်မိပါတယ် အူတိုလိုက်တာများ လွန်ရော စောစောပြန်လာခဲ့မယ် ဟုတ်ပြီး
လာ ပြန်လာမှဆက်ရစ်တော့ "

ရိပ် "ပြန်လာမှတွေ့မယ် "

ရိပ်လဲရေချိုးလိုက်ပြီးခဏလှဲလိုက်သည် ဒီနေ့ခွဲစိတ်တာတစ်ခုပြီးတစ်ခုမပြီးနိုင်တာမို့ တော်တော်ပင်ပန်း
နေသည်.....။

ဦးမြတ်သာ " Oh မိုးသွေးစက်လဲလာတာဘဲ မထင်ဘူးဗျာ ပွဲတက်တာသိပ်မတွေ့ဘူးဘူး မတွေ့တာကြာလို့လားမသိဘူး
ခင်ဗျားတော်တော်ချောလာတယ်ဗျ "

မိုး " Ha ha ဟုတ်ပါပြီး ကျေးဇူးတင်ပါတယ် ဒါနဲ့ဟိုတစ်နေ့က ကျွန်မကားကိုနောက်ယောင်ခံလိုက်တဲ့တစ်ယောက်ကိုမိပြီးတဲ့
ရှင်ကြားမိလား"

မူလသခင်Where stories live. Discover now