Ep8

4.8K 247 9
                                    

ပုံမှန်ဆိုလျှင် ခပ်တည်တည်နေတက်သော မ ကထူးဆန်းစွာ
ပြုံးရိပ်သန်းနေသောကြောင့် ဖြူ့ အတွက်ထူးဆန်းမူကြီးဖြစ်
နေသည် မ နှင့် ဖြူသိလာတာ ငါးနှစ်ကျော်တောင်ရှိပြီးဖြစ်
သော်လည်း မ ၏အပြုံးကရှားလှသည်။ ဖြူကသွက်၍သာ မကိုရင်းနှီးအောင်နေနိုင်သည် ဒါတောင်တွေ့ခါစက မိမိမှာသူ့အကြည့်အေးတိအေးစက်ကြီးကို လန့်နေသည်မလား......မ ဟုအဖျားစွတ်ခေါ်တာတောင် မျက်တောင့်နီကြီးနှင့်ကြည့်ကာ မခေါ်နဲ့ဟုတားသော်လဲ
မိမိကပိုရွဲ့ကာ ခေါ်သောကြောင့်ဘာမှမတတ်သာဘဲြိငိမ်နေသည်မှာမိမိအသိပင်။

မိုး "ဒေါ်နှင်းဆီဖြူ ငေးလို့ဆုံးပါ့မလား ဆေးရုံမှာနေခဲ့ သွင်နဲ့ဝင်စရာရှိလို့ ခဏနေပြန်လာခေါ်မယ် "

ကြည့် မ ဆိုတာအဲ့လိုသူများရှေ့လဲ မရှောင်ဘဲဒဲ့ပြောတတ်
သည်။မမသွင်က ရီနေတာမို့ မမသွင်ထံမျက်စောင်းထိုးလိုက်သည်။

ရိပ် " မိုး ရယ်သူများကို "

မိုး "ငါချောတာငါသိတယ်လေ အကြာကြီးငေးနေတာ သူ့ကိုစောင့်နေတာကြာတယ်လေ 😊"

ဖြူ "အမေရေ သွင်တွေ့လိုက်လာ မ ပြုံးလိုက်တာ...မမရိပ် ဒီမနက် မ ကိုဆေးတိုက်ထားသလား ပြုံးနေတာ "

မိုး "တွေ့လာ အဲ့ကလေးမက သူဌေးကိုကြောက်ရမှန်းမသိ မကြောက်ရမှန်းမသိ သွား သွား ဆင်းတော့ ညီမလေးကိုဝင်ကြည့်ထား...."

ဖြူ "Yes sir..😂"

ဖြူလေးပြောတာလဲ ဟုတ်နေတာဘဲ သူမဒီနေ့ပြုံးမိတာဘယ်နှစ်ခါတောင်လဲ တစ်စုံတစ်ယောက်ကြောင့်လာ သူမ အရင်လိုဘဲအူတိုတက်တယ်ထက်တယ် ဒါပင်မဲ့ သူမကိုအရင်လိုရင်းရင်းနှီးနှီးမဆက်ဆံရဲပါ......ဒါအနာတစ်ခုကို ပြန်အစဖော်သလိုဖြစ်မှာစိုး၍။

ဖြူ "လာမမရိပ် ကိုဆေးရုံအုပ်နဲ့တွေ့ပေးပြီးမှ မမအတွက်ရုံးခန်းပြမယ် ဒီဆေးရုံက မ ရှယ်ယာဝင်ထားတာ သူရှယ်ယာအများဆုံးလေ ဒီဆေးရုံအုပ်ကလဲ မရဲ့ကျေးဇူးနဲ့မကင်းဘူး "

ရိပ် "ဖြူလေးက မိုးနဲ့တော်တော်ရင်းနှီးလာ "

ဖြူ " ဖြူကသာရင်နှီးအောင်နေနေတာ မ ကတော့ရေခဲတုံးလိုဘဲ ဖြူကပွင့်လင်းတယ်လေ ဒါပင်မဲ့ မ ရဲ့ထားရာနေ စေရာသွားပါဘဲ ဘာမှအပြောဆိုပိုင်ခွင့်မရှိဘူး မ ကအေးတိအေးစက်ပင်မဲ့ ဖြူတို့အပေါ်တော်တော်ဂရုစိုက်ပါတယ် လိုလေသေးမရှိအောင်ထားတယ် မ ကLesbian ဆိုတာ
လုပ်ငန်းရှင်တချို့ကသိလို့ သူတို့သမီးတွေနဲ့တောင် ပေးစားချင်ကြတာ မ ကဦးနှောက်ကောင်းတယ်လေ အမြင်ကျယ်တယ် "

မူလသခင်Where stories live. Discover now