EP6

4.5K 250 8
                                    

ဆေးရှိန်ကြောင့်အိပ်ပျော်သွားပြီးဖြစ်သောရိပ်၏ နှဖူးလေးကို အနမ်းတစ်ပွင့်ပေးခဲ့ပြီး ခြေသံတိတ်တိတ်ဖြင့် အခန်းတွင်းမှထွက်ကာ ရိပ်၏အနူးက ထမင်းချက်ထားပြီးသားဖြစ်ပင်မဲ့ ရိပ်၏အဖျားနှင့်ဆိုလျှင် ထမင်းနှင့်တည့်မည်မဟုတ်သောကြောင့် ဆန်ပြုတ် ပြုတ်ပေးရန်အောက်ထပ်သို့ဆင်းလာသည့်အချိန်တွင် ကြားလိုက်ရသည့်အသံကြောင့် ဟင်း....ရန်ဖြစ်ကြပြန်ပြီး။

သိမ့် "မင်းမင်း နင်မညစ်နဲ့ ငါအရင်TV ကြည့်တာ  ငါကြိုက်တဲ့ဇာတ်လမ်းကြည့်မှာ နင့်ဂိမ်းဘဲသွားဆော့"

မင်း "သိမ့်သိမ့် နင့်ကြည့်တဲ့ဇာတ်လမ်းတွေက ပျင်းစရာကြီး
နင့်ရည်းစားများထားနေသလာ အခုတလော အချစ်ကား
တွေဘဲကြည့်နေတာ နင်ထားရဲထားကြည့် မမ ဆီတိုင်ပြောမှာ"

သိမ့် "ငါမဟုတ်တာမလုပ်ဘူး မင်းမင်း မရှည်နဲ့ "

မင်း "နင်နော်...ငါလုပ်လိုက်ရ အငယ်ကအငယ်လိုနေ"

သိမ့် "ဘာအငယ်လဲ ဆယ့်ငါးမိနစ်လောက်ဘဲ ကြီးတာကိုများ
အရေးစိုက်လို့...😕"

မင်း "အရူးမ.....ရုပ်ဆိုးမ😛"

သိမ့်သိမ့် အာဗြဲနှင့်မအော်ခင် လက်ပိုက်ကာ လှေကားပေါ်မှရပ်ကြည့်နေသော မိုး အပြေးကလေးဖြင့် မင်းမင်းအား မီးဖိုဆောင်ထဲဆွဲခေါ်ရသည် နို့မို့သိမ့်သိမ့်အော်ပြီး သူ့အစ်ကိုအားမနိုင်လျှင်ငိုတော့မည် ဆိုတာဗေဒင်မေးစရာမလိုသောကြောင့် မင်းမင်းအား လက်ဆွဲကာ ပြေးရသည်။

မိုး "မင်းမင်းရာ  ငါဒီလောက်သတိပေးထားရဲ့သားနဲ့ သိမ့်သိမ့်ကိုသွားစနေတယ် ဟိုကလဲကိုးတန်းကဖြေထားတာအားမနာဘဲ ထငိုမှာ နင့်ကိုနင်များ ခြောက်နှစ်အရွယ်ကလေးထင်နေလာ သိမ့်သိမ့်စိတ်ကြီးတာသိရဲ့သားနဲ့ အာမင်း "

မိုးခေါ်လိုက်သော အာမင်း ဟူသောနာမည်ကြောင့် မင်းမင်းမျက်နှာရူံတွလျက်.....

မင်း "သားကို😣 အာမင်း လို့ခေါ်ပြန်ပြီမကြိုက်ပါဘူးဆို
အခုဘာလိုအပ်လို့ဆင်းလာတာလဲ "

မိုး "အဟဲ...နင့်အမအတွက် ဆန်ပြုတ် ပြုတ်ပေးရအောင်လို့ ဆင်းလာတာ "

မူလသခင်Where stories live. Discover now