Ep19

11.8K 375 56
                                    

မိမိလက်အားတစ်စုံတစ်ယောက်က ကိုင်ထားကာ နွေးထွေးပြီး
နူးညံ့လွန်းတာမို့ မျက်လုံးကိုမနည်းအားတင်းကာ ဖွင့်ကြည့်ပင်မဲ့ အလင်းကရုတ်တရက်စူးလွန်းတာမို့ မျက်လုံးပြန်မှိတ်လိုက်ပြီး ခဏအနားပေးလိုက်သည် သူမသေသွားခဲ့ပြီလာ သေသွားခဲ့ရင် နာကျင်မူတွေခံစားရမှာ
မဟုတ်ဘူးမလား အခုတော့ ဗိုက်ကဆူးနေအောင် နာကျင်ပြီး
ခြေထောက်လဲလှုပ်လို့မရတာမို့ ဘယ်ရောက်နေလဲဆိုတာ သိဖို့ရန် မျက်လုံးကိုကြိုးစားဖွင့်ကြည့်လိုက်တော့ ကုတင်ပေးတွင် မိမိလက်အားကိုင်ပြီး မှောက်အိပ်နေသည့် ရိပ်....ဘယ်လောက်တောင်ပင်ပန်းပြီး စိတ်ပူနေသလဲဆိုတာ
တာ ရိပ်ရဲ့မျက်ကွင်းညိုညိုလေးက ပန်ဒါနှင့်ပင်တူနေချေပြီး
မိုးပြုံးမိကာ ရိပ်ရဲ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်နိုင်ရန် ကြိုးစားလိုက်သည် တစ်ခါဆုပ်ကိုင်ပင်မဲ့ အားမရှိတာမို့ နောက်တစ်ခါပြန်ဆုပ်ကိုင်လိုက်တော့ ရိပ်နိုးသွားပြီး သူ့လက်ကိုဆုပ်ကိုင်ထားသည့် မိုးလက်ကိုမယုံကြည်နိုင်စွာ
စိုက်ကြည့်နေပြီးမှ သူ့မျက်လုံးကိုပြန်ပွတ်ကာနောက်တစ်ဖန်
ပြန်ကြည့်နေတာမို့ ရိပ်ရဲ့လက်ကို ပြန်ဆုပ်ကိုင်ပေးတော့
ရိပ်မျက်ရည်ကျကာ.....

ရိပ်" ချစ်သတိရလာပြီး....ရိပ်ဘာပြောရမှန်းတောင်မသိတော့
ဘူး....ချစ်သိလား ရိပ်ရင်ထဲဘယ်လောက်မွန်းကျပ်ပြီး နာကျင်နေလဲဆိုတာ ရိပ်ဘေးကို ချစ်ပြန်မလားတော့မှာ
ဘယ်လောက်တောင် ရိပ်ကြောက်နေသလဲဆိုတာ "

စကားပြန်ပြောဖို့ရန်.မိုး မနည်းကြိုးစားပြီး....

မိုး " အဆင်ပြေသွားမှာပါ ရိပ်ကိုမခွဲနိုင်သေးပါဘူး မိုးအဆင်ပြေတယ် မစိုးရိမ်နဲ့ သမီးလေးရော..."

ရိပ်"သူ့အဖွားဆီိမှာ ခဏပြန်နားလိုက်အုံးနော် မိုးရဲ့ဒဏ်ရာက
များနေတယ် "

မိုး "I miss your kiss...."

ရိပ် မိုးရဲ့ပါးကိုခပ်ဖွဖွနမ်းလိုက်ပြီး.....

ရိပ်"ကျေးဇူးတင်ပါတယ် ရိပ်ဘေးကိုပြန်လာလို့ အရမ်းကျေးဇူးတင်သလို ရိပ် အရမ်းဝမ်းသာတယ် "

ရိပ်အရူးတပိုင်းလိုဖြစ်နေသည့် ကာလပတ်လုံးတွင် အပြုံးဆိုတာ မရှိသလောက်ဖြစ်ပင်မဲ့ ယခုမိုးသတိရတော့ ပင်ပန်းတာလဲမရှိတော့ဘဲ ခေါင်းလဲကြည်လင်စွာ ရင်ဘတ်ကြီးထဲလဲ စိတ်ချစွာဖြစ်နေပြီးမို့ မိုးအိပ်နေတာကို ခပ်ပါးပါးလေးအပြုံးဖြင့် ငေးကြည့်နေမိသည်။ကိုယ်ချစ်ရတဲ့သူမို့လို့လားတော့မသိ မိုးတစ်ယောက်ကို ရိပ် ချစ်မဝပါ ကြည့်လေလေ အချစ်တိုးလေလေဖြစ်နေသည်။

မူလသခင်Where stories live. Discover now