Ep7

4.7K 263 2
                                    

မိုးတို့သုံးလအထိတော့အဆင်ပြေပြေနှင့် ရှိနေခဲ့သည် ရိပ်တို့အိမ်ကို Sunday တိုင်းသွားလည်ပြီ ဟိုမှာဘဲထမင်းစားခဲ့သည်
ပျော်စရာ ရင်ခုန်စရာ ကြည်နူးစရာတွေနှင့်မို့ထင်သည် အချိန်ကကုန်လွန်တာ မြန်လွန်းလှသည်။ရိပ်၏ဆံပင်က
ကောင်းပြီကျောလယ်လောက်ထိရှည်သည်မို့ ခေါင်းလျော်ပြီး
လျှင် ဆံပင်သုတ်ပေးဖို့ကျွန်မကအဆင်သင့်စောင့်ပေးသည်။
သူတို့အိမ်ထမင်းစားတဲ့နေဆိုလျှင် ကျွန်မမလာမချင်း သူမစား
ဘဲစောင့်နေမည် ပြီလျှင် အငယ်တွေရော လူကြီးတွေစားထား
ပြီးသားပန်ကန်တွေ ထမင်းအိုးတွေကို မိုး ကူဆေးပေးသည်။
အပြင်အတူသွားလျှင် သူမအမိန့်အတိုင်း လိုထာထက်ပိုမပြုံးရ
ပါ အူတိုတတ်သည် အူတိုပြီးလျှင် အချော့ရခက်သည်မို့ သူမကို အတတ်နိုင်ဆုံး စိတ်မဆိုးအောင်ထားရသည်။သူမအပြုံး သူမရဲ့မိဘစကားနားထောင်တတ်မူ အငယ်တွေအပေါ် အမကြီးအမိရာဆိုသည့်အတိုင်း အရာရာအငယ်များအားဦးစားပေးလှသည်။မထင်မှတ်ဘဲ သူမတို့နိုင်ငံခြားပြောင်းနေမည်ဟု ပြောလာသောအခါ မိုးတားချင်ပါသည် ငါနဲ့ဘဲနေပါဟု။

ရိပ် "မိုး ငါတို့တစ်မိသားစုလုံး သြဇီးပြောင်နေတော့မယ် အပါး
သူဌေးက နိုင်ငံခြားကမလား အဲ့တာအခု သူတို့ရုံးချုပ်ဖြစ်တဲ့ သြဇီးမှာ အလုပ်လုပ်ဖို့အခွင့်အလမ်းရတယ် တစ်မိသားစုလုံး
ပြောင်းနေဖို့ ပြောထားလို့ ငါတို့မဖြစ်မနေပြောင်းရတော့မယ် "

သူမပြောင်းနေရမည့်ကိစ္စကို သူမသွေးအေးအေးနဲ့ပြောနေနိုင်
တာ ကျွန်မစိုးထိတ်မိသည် သူမတစ်ခုခုဖြစ်နေသည်ထင်သည်။

မိုး"ရိပ် နင်ပြသနာတစ်ခုခုဖြစ်ထားတာလာ ငါ့ကိုပြောပြလေ
ငါလဲကူစဉ်းစားပေးမယ် မသွားလို့မရဘူးလားဟင် ဒါမှမဟုတ်
ငါတို့အကြောင်းကို အပါးတို့သိသွားလို့လာ "

ရိပ် "မသိပါဘူး သိလဲကိစ္စမရှိဘူး ငါတို့သွားမှဖြစ်မှာမို့လို့ပါ "

မိုး " ငါကရောဘယ်လိုနေခဲ့ရမှာလဲ ငါတစ်
ယောက်ထဲ ငါ့ကိုထားခဲ့နိုင်လို့လား"

ရိပ် "ငါနင့်ကိုဆက်သွယ်မှာပါ ငါနင့်အရမ်းချစ်တာနင်သိတာ
ဘဲ မိုးရယ် ငါတို့အဆက်သွယ်မပြတ်အောင် ငါကြိုးစာမှာပါ "

မူလသခင်Where stories live. Discover now