အသင်လူသား ကျွန်ုပ်ကိုခေါ်ပါသလား... ကျွန်ုပ်လိုက်မည်ဟုမတောင်းဆိုခဲ့ပါ။ သင်ခေါ်၍ လိုက်လာခဲ့ခြင်းသာ...။ *......*.......*.......*........*.......*......*........*......*......* "မြန်မာသရဲတွေက ကိုရီးယားစကားမပြောတတ်ဘူးလို့ ဘယ်ပညာရှိကပြောလို့လဲကွ...။အခုမင်းတို့ ပါးစပ်ဆော့လို့ လိုက်လာပြီ။အဲ့ဒါမင်းတို့ခေါ်တာ မင်းတို့ဘာသာရှင်း။ငါနဲ့မဆိုင်ဘူးနော်...။ညဖက်အိပ်စရာနေရာမရှိရင်ခေါ်အိပ်လိုက်ကြလေ မင်းတို့နဲ့အတူတူ" အားပါးတရ အကြီးဆုံးအစ်ကိုဖြစ်သူ Kim Seokjin ၏ ပြောချက်ကြောင့် အငယ်တွေခမျာ မျက်နှာငယ်လေးဖြင့်... "အာ...Hyung ကြောက်ပါတယ်ဆိုနေမှ"