[အပိုင်း၅]

10 1 0
                                    

        မကြာသေးမီက တက်ကြွသည့်ကြက်ဖတစ်သိုက် လိုက်ပါလာသော ကားကလေးသည် ယခုအချိန်တွင်တော့ တိတ်ဆိတ်လျက်ရှိလှသည်။အဘယ်‌ကြောင့်ဆိုသော် အိမ်မက်တိုင်း‌ပြည်သို့ အလည်တစ်ခေါက်ရောက်ရှိနေကြသောကြောင့်ပင်။အော်ရ၊ဟစ်ရ၊သောင်းကျန်းရနှင့် မောသွားကြပြီလေ။

တစ်ကားလုံးတိတ်ဆိတ်လျက်ရှိပြီး ဟောက်သံအချို့ပင် ကြားနေရ၏။

"ဟူးးးး"

      Yoongi တစ်ယောက် စိတ်ပျက်စွာပင် သက်ပြင်းကိုဆောင့်ချလိုက်သည်။တိတ်ဆိတ်နေသောအခြေအနေက သူ့ကိုစိတ်ညစ်စေ၏။ထိုအခြေအနေက သူ၏ အိပ်ချင်စိတ်ကို နှိုးဆွနေသောကြောင့်ပင်။သူ၏စိတ်ကိုထိန်းချုပ်ထားရသည်မှာအတော်ပင်ကြာပြီဖြစ်သည်။မထိန်းချုပ်လို့လည်းမရ။သို့မဟုတ်လျှင် သူတို့အားလုံးဗီဇာမပါဘဲ သေမင်းဆီသို့ အလည်တစ်ခေါက်သွားနေရလိမ့်မည်လေ။

      ပုံမှန်ဆို အိပ်ချင်ပြီဆိုလျှင် ဟိုနေရာသည်နေရာ၊ဟိုအချိန်၊သည်အချိန်လို့ရယ် မစဉ်းစားပါဘဲ တိုးအိပ်လိုက်တတ်သည့် သူလိုလူအဖို့ ယခုအခြေအနေက အတော်ပင်ခံရခက်ကာဆိုးရွားလှသည်။သူ့မှာ ငိုချင်စိတ်ပင်ပေါက်မိ၏။သူအရင်တစ်ရက်ကတည်းက ပစ္စည်းတွေပြင်ရဆင်ရ ထုတ်ရပိုးရနှင့်ပေမို့ ကောင်းကောင်းမအိပ်ရသေးတာဖြစ်သည်။လေယာဥ််ပေါ်၌လည်း‌ကောင်းကောင်း အိပ်မရခဲ့။နေ့လည်က ကားပေါ််မှာအိပ်ဖို့ရာကြံသော်လည်း သကောင့်သားတစ်သိုက်က ရှိုးပွဲရောက်နေသယောင် အော်ဟစ်ခုန်ပေါက်နေကြသောကြောင့် သူ့မှာအိပ်မရခဲ့ပြန်ပါ။

           တွေးရင်းအူပွလာကာ ထိုအိပ်မောကျနေသော ကျက်သတုံးလေးများကို နောက်ကြည့်မှန်မှတစ်ဆင့် မျက်စောင်းဖြင့်လှမ်းကြည့်လိုက်သည်။ကိုယ့်သူငယ်ချင်းများ ကားမောင်းရင်းအိပ်ငိုက်နေမလားဟု ပူပင်ကာ စကားလေးဘာလေးပြောပေးမည်မရှိကြ။အိပ်လိုက်ကြတာများတစ်သက်နှင့်တစ်ကိုယ် ယခုမှ အိပ်ဖူးကြလားဟုပင် ထင်ရသည်။အလှည့်ကျရင်မနွဲ့ကြစတမ်းပေါ့ ဟုသာကြိမ်းဝါးရင်း အိပ်မငိုက်မိအောင်သာ ကြိုးစားနေရ၏။

          တစ်ခါမျှပင် ထိုလောက် မအိပ်ချင်ခဲ့ဖူးပါ။ခန္ဓာကိုယ်တစ်ခုလုံးလည်း လေးလံကာနေ၏။အထူးသဖြင့် သူ၏ ပုခုံးများပင်။တစ်စုံတစ်ယောက်က သူ၏ပုခုံးထက် တက်ထိုင်နေသကဲ့သို့ပင် လေးလံနေသည်။လေယာဥ််ပေါ််တွင်အိပ်ရင်းအညောင်းများမိလာလေခြင်းလား။

Her And Us {သူ(မ)နှင့်ကျွန်တော်တို့}Where stories live. Discover now