[အပိုင်း၃]

13 3 0
                                    

ဆိုင်ထဲ၌ လူများရှုပ်ပြီး ပြန်ရှင်းသွားသည့်တိုင်အောင် မပြောင်းလဲပဲ ထောင့်ဆုံးမှ ဝိုင်းကလေးတွင် ထိုင်မြဲထိုင်နေကြသေးသော ကောင်လေးခုနှစ်ယောက်ကတော့ ရှိနေတုန်းပင် ဖြစ်သည်။

"ဒါနဲ့ Hyung ကျွန်တော်တို့ကို ပြောစရာရှိလို့ဆို....ပြောလေ"

Jung kook ၏ စကားကိုကြားမှ အားလုံးလည်း အတိတ်ကို သတိပြန်ရသွားကြသည်။သူတို့အားလုံး ဒီနေရာ၌ ဆုံနေရသည့်အကြောင်းမှာ Namjoon က ပြောစရာရှိသည်ဟူ၍ ချိန်းထားသောကြောင့်ပင်။
ကိုကြီး Jin ကို ဝက်နှင့်တူသည်ဟု စဖို့မဟုတ်။Jimin ကို ထိုင်ခုံပေါ်မှ ပြုတ်ကျစေဖို့မဟုတ်။

"ဪ....အေ ဟုတ်သားပဲ"

သူလည်း အခုမှ သတိရဟန်ဖြင့် ပြောသည်။တွေးကြည့်ပါလျှင် ထိုလူသည်လည်း သိပ်ပုံမှန်ဟုတ်ဟန်မပေါ်။

"ဒီလိုကွ....ငါတို့အခု မကြာခင် ကျောင်းမှာ လေ့လာရေးခရီးသွားဖို့ စီစဉ်ထားတယ်တဲ့။ပြည်ပကိုသွားမှာနော်...."

သူ့စကားကြောင့် အားလုံးက အနည်းငယ် မျက်ခုံးပင့်သွားကြသည်။ပြည်ပကိုတောင် သွားမည်ဆိုပဲ။

"အဲ.... ဒါပေမယ့် အဲ့ဒီ့ခရီးမှာ ကျောင်းသားတိုင်းလိုက်လို့မရဘူး။အကြီးပိုင်းက ဆရာ၊ဆရာမ တစ်ချို့နဲ့ ကျောင်းအုပ်ကြီးလည်းပါမယ်...ပြီးတော့ အဲ့ဒီ့ ဆရာ၊ဆရာမတွေ ရွေးထားတဲ့ ထူးချွန်တဲ့ ကျောင်းသား တစ်ချို့ပဲပါမယ်"

ဪ...ဟု အားလုံးက အသံပြုမိကြသည်။ထို့နောက် Namjoon က ဆက်၍...

"အဲ့ဒါ ငါတို့ခုနှစ်ယောက်ကို အဲ့ဒီ့ ခရီးမှာ လိုက်ပါဖို့ ဆန္ဒရှိမရှိမေးလာတယ်"

"ဟမ်...."

အားလုံးက နေ့ခင်းကြောင်တောင် သရဲတစ္ဆေတွေ့သလို အံ့အားတသင့် ဖြစ်ကုန်ကြသည်။

"ဘာရယ်....ဘာရယ်..သေချာပြန်ပြောစမ်းပါ
Nam joon ရ။ငါတို့များ နားကြားမှားသလားလို့.."

"ဟုတ်တယ်...။ကျွန်တော်လည်း ကြားစက Hyung တို့လိုပဲ ကြောင်သွားတာ။ဘာလို့ ကျွန်တော်တို့ကို ရွေးရတာလဲလို့ မေးတော့ မင်းတို့ကတဲ့ ဗရုတ်သုတ်ခဆိုပေမယ့် အားလုံးကလည်း သူ့ကဏ္ဍနဲ့သူ တော်ကြသလို အားလုံးက လူလိမ္မာလေးတွေလည်း ဖြစ်တာမလို့တဲ့"

Her And Us {သူ(မ)နှင့်ကျွန်တော်တို့}Where stories live. Discover now