[အပိုင်း၆]

8 1 0
                                    

ပိန်းပိန်းပိတ်နေသည့် အမှောင်ထုထဲဝယ် ကားမီးရောင် ဝါကျင်ကျင်ကလေးက ထိုးခွင်းရင်း တစ်ရွေ့ရွေ့နှင့် သွားနေလေသည်။ဤနေရာ၊ဤလမ်း၌လည်း သူတို့ကားကလေးမှလွဲ၍ တခြားလှုပ်လှုပ်ရှားရှားမရှိ။ဒီလိုနေရာက လူတွေနေထိုင်သည့်နေရာကိုသွားသည့်လမ်းဆိုတာဟုတ်ရောဟုတ်ပါရဲ့လား။

သူတို့၏ ကားလေးက တစ်ဆထက်တစ်ဆနှေးလာသော အရှိန်ကလေးဖြင့်ဆက် လက် ရွေ့လျားလျက်ရှိ၏။တဖြည်းဖြည်း ဘေးမှ သစ်ပင်တွေ ခြုံပုတ်တွေကလည်း ပိုများသလိုဟန်ရှိကာ ကားလမ်းမနှင့်လည်း အတော်အလှမ်းဝေးခဲ့ပြီဖြစ်သည်။ ကြာလာသည်နှင့်အမျှ သူတို့သည် သူရဲအိမ်ထဲ ဝင်လာသည့် ကလေးငယ်လေးတွေသဖွယ် ဟိုကြည့်သည်ကြည့်ဖြင့် ရင်တထိတ်ထိတ်နှင့် ခရီးဆက်ခဲ့ရသည်။

"ဒါနဲ့လေ...ကျွန်တော်တို့မပါလာတာသိရင် သူတို့ ကျွန့်တော်တို့ကို လိုက်ရှာမှာပါနော်"

Jung Kook က တွေးဆဆကလေးဖြင့်ပြောလေသည်။ထိုအခါ Namjoonက သူ့မူအတိုင်းပြုံးပြုံးပြုံးပြုံးဖြင့် ပြောလေသည်။

"ဒါပေါ့ Jung Kook ရ။မရှာပဲ မနေပါဘူး"

Namjoon သည် ပြောသာပြောလိုက်ရသော်ညား သူလည်း စိတ်ကသိပ်မထင်ချင်။

သူတို့၏ကား နောက်ကမပါလာတာကို ရှေ့ကကားကတစ်ကယ်ပဲ မသိတာလား။သို့မဟုတ် သိလျက်နဲ့ တမင်မသိချင်ယောင်ဆောင်လေသလား။ကားတစ်စီးလုံးနောက်က မပါလာတာ မသိစရာအကြောင်းတော့ မရှိပေဘူးမဟုတ်လား။

သို့ပေသိ တရားသေလည်း တွက်လို့မရသေးပေ။ကားမောင်းသည်က အရှေ့ကိုကြည့်ပြီး မောင်းရသည်။အနောက်ကို ကြည့်ပြီး မောင်းရသည်မှမဟုတ်ဘဲ။စိုးရိမ်စရာက
သူတို့မပါလာတာသိရင်ရော မည်သို့လိုက်ရှာကြမည်နည်း။သူတို့တည်နေရာကို ‌ရှာတွေ့ဖို့များ ခက်ခဲနေမလား။သူတို့စိတ်ထင်တိုင်းလုပ်မိတာ မှားနေပြန်မလား။

\\ဖွတ်..ထွတ်...ထွတ်...ထွတ်//

တစ်နေရာအရောက် သူတို့၏ ကားကလေးသည် တဖွတ်ဖွတ်တထွတ်ထွတ်အော်မြည်ကာ ထိုးရပ်သွားလေတော့သည်။

"ဘာလဲ ဘာဖြစ်တာလဲ"

"ဘာဖြစ်တာလဲ"

"ဘာပါလိမ့်ဟ"

Her And Us {သူ(မ)နှင့်ကျွန်တော်တို့}Where stories live. Discover now