[အပိုင်း၎]

8 0 0
                                    

      လေယာဉ်ပေါ်မှ ခြေတစ်လှမ်းစချလိုက်သည်နှင့်  လူက ဟိုက်ခနဲ အငွေ့တထောင်းထောင်း ထနေသော ရေနွေးအိုးအပေါ် မျက်နှာအပ်လိုက်ရသည့် သဖွယ်ဖြစ်သွားသည်။ပူလိုက်သည့်ဖြစ်ခြင်းပင်။ကျစ်ကျစ်တောက် ပူနေသည့် နေမင်းကြီးက သူတို့ကို ကြိုဆိုနေသယောင် လင်းထိန်တောက်ပလို့ပင်။ဖြတ်တိုက်သွားသည့် လေပူပူနွေးနွေးကလည်း နှုတ်ခွန်းဆက်သနေဟန် တဝှီးဝှီးတိုက်ခတ်လို့။

      နေပူထဲ၌ ကြာကြာမရပ်နိုင်တော့သည့်အဆုံး လှေဆိပ်ထဲသို့ ခြေလှမ်း ခပ်သွက်သွက်ကလေးဖြင့်
မပြေးရုံတမယ် လျှောက်လာခဲ့ကြသည်။

      လေဆိပ်ထဲရောက်မှသာ သူတို့လည်း နေသာထိုင်သာရှိသွားကြပြီး သက်ပြင်းချနိုင်ကြတော့သည်။ရှေ့လျှောက် ဒီလို ရာသီဉတုမျိုးနှင့် ဘယ်လိုနှစ်ပါးသွားရပါမည်လဲ။

     ဤသို့ဖြင့် ဆောင်ရွက်စရာရှိတာများ ဆောင်ရွက်ပြီးသည့်နောက် ခုနှစ်ယောက်သား တစ်စုတစ်ဝေးရပ်၍ အလာပဿလာပ ပြောကာ ဆရာ/မ များကိုစောင့်နေလိုက်သည်။ထိုဆရာ/မ များကလည်း သူတို့နည်းတူ ဒီခရီးစဉ်တွင် လိုက်ပါလာသော ကျောင်းသားတစ်စုနှင့် စုဝေးရပ်ကာ ခပ်လှမ်းလှမ်းမှ ဖုန်းပြောနေသော ကျောင်းအုပ်ဆရာကြီးကို စောင့်နေကြသည်။

"ဒီမှာတော်တော်ပူတာပဲနော်"

"ဟုတ်ပ"

     Hoseok ၏ အပြောကို Jin က ထောက်ခံစွာပြောလေသည်။

   ထို့နောက် မင်းသားရှုံးလောက်သည့် အမူအရာမျိုးနှင့် "မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရောက် အမှတ်တရ" ဓာတ်ပုံရိုက်နေကြသော Jimin နှင့် Taehyung မှ...

"Hyung တို့လာ ဓာတ်ပုံရိုက်မယ်" ဟု...ဆိုသောကြောင့် သူတို့အားလုံး စုလိုက်ကြသည်။ selfie stick ဖြင့် Taehyung က အားလုံးပါအောင် သေချာချိန်လိုက်သည်။သည့်နောက် အသည်းလေးပေးသူကပေး၊နှုတ်ခမ်းထော်သူကထော်၊လက်နှစ်ချောင်းထောင်သူကထောင် ဖြင့် pose အမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်လိုက်ကြသည်။အဖွဲ့လိုက် ဓာတ်ပုံရိုက်ပြီးသည့်နောက်တွင်တော့ အားလုံးက နေရာအနည်းငယ်ပြန်ခွဲပြီး ရပ်လိုက်ကြသည်။မခွဲနိုင်သေးသူက Jungkook နှင့် Taehyung ။ယခုထက်ထိ သူတို့မှာ မကျေနပ်နိုင်သေးဟန် Pose အမျိုးမျိုးဖြင့် ဓာတ်ပုံဆက်ရိုက်နေကြလေသည်။

Her And Us {သူ(မ)နှင့်ကျွန်တော်တို့}Where stories live. Discover now