ဤသို့ဖြင့် ဝရုန်းသုန်းကားပြေးကြရင်း လူနေအိမ်တွေ သူတို့မြင်ကွင်းထဲပေါ်လာ၍ ရပ်လိုက်မိကြသည်။သူတို့သည် ကုန်းမြင့်တစ်ခုပေါ်တွင်ရှိနေခြင်းဖြစ်ပြီး ထိုနေရာက လှမ်းကြည့်ပါ အောက်ဖက်တွင် မီးရောင်မှိန်မှိန်ကလေးများဖြင့် အိမ်ကလေးတွေကို တွေ့နေရသည်။မြို့ပြကဲ့သို့ အရောင်စုံကာ တောက်ပခြင်းမဟုတ်ဘဲ မီးရောင်ကလေးတွေကွက်ကြာကွက်ကြားဖြင့် မြင်နေရသည့်မြင်ကွင်းက သူတို့အဖို့အနည်းငယ်လည်း ထူးဆန်းနေသည်။
"ဒါက ဟိုသရဲမပြောတဲ့ရွာများလား..."
Jungkook က မျက်စိရှေ့မှမြင်နေရသော အိမ်လေးတွေကို ကြည့်ကာ ပြောလာသည်။
ကျန်သူများက အငယ်ဆုံးလေး၏ အပြောကို အဖြေပြန်ပေးရန် လုပ်သော်လည်း မည်သူမျှ အမောမပြေသေး၍ ဟောဟဲ..ဟောဟဲ...ဟူသော အသံများသာ ထွက်လာကြသည်။စိတ်ထဲ၌လည်း လေ့ကျင့်ခန်းတွေလုပ်တာ ဒါတစ်ခုတော့သာသွားပြီ ဟုမှတ်ချက်ချမိလိုက်ကြသည်။
ထို့နောက် အနည်းငယ် အမောပြေစပြုနေသော Namjoonက အသက်ကို ပြင်းပြစွာ ရှုသွင်းရှုထုတ်လုပ်ရင်း စပြောလာသည်။
"ဟင်းးးးသရဲ...မက...ငါတို့ကို...သတင်းအမှန်...ပေးသွားတယ်...ပေါ့လေ...ဟင်းးး"
ကျန်သူများသည်လည်း ထိုအရာက စဉ်းစားစရာဖြစ်နေသော်ညား မစဉ်းစားနိုင်ပါ။အသက်ကိုပင်မနည်းလုရှုနေရသော သူတို့အဖို့ ယခုလောလောဆယ်တွင်တော့ မောတာတစ်ခုသာသူတို့သိကြပါသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ကြတာမကောင်းဘူးလား"
တစ်ဖန်ပြောလာပြန်သော Jungkook ၏ စကားကိုလည်း ကျန်သူများမှာ မောမောနှင့် စဉ်းစားရပြန်သည်။
ထိုအခိုက် Yoongi က အသက်ကိုပင်မနည်းငင်နေရရှာသောအသံနှင့် ပြောသည်။
"ဟုတ်တယ်....ဟင်း...သွားကြည့်ကြ...မလား.."
"ဟင်းးးသရဲ...ရွာတော့...မဟုတ်လောက်ပါဘူးနော်..."
Hoseok ခမျာ မောနေသော်လည်း ကြောက်စရာကပိုအရေးကြီးသောကြောင့် သူ၏ အတွေးကို မောမောနှင့်ပင် ချပြလိုက်ရရှာသည်။
YOU ARE READING
Her And Us {သူ(မ)နှင့်ကျွန်တော်တို့}
Horrorအသင်လူသား ကျွန်ုပ်ကိုခေါ်ပါသလား... ကျွန်ုပ်လိုက်မည်ဟုမတောင်းဆိုခဲ့ပါ။ သင်ခေါ်၍ လိုက်လာခဲ့ခြင်းသာ...။ *......*.......*.......*........*.......*......*........*......*......* "မြန်မာသရဲတွေက ကိုရီးယားစကားမပြောတတ်ဘူးလို့ ဘယ်ပညာရှိကပြောလို့လ...