[အပိုင်း၂]

19 3 0
                                    

ကျစ်ကျစ်တောက်ပူခြင်းမမည်သော နွေဦး၏ နေရောင်ခြည်က စားသောက်ဆိုင်တစ်ခု၏ အပေါ်သို့ လွှမ်းခြုံကျရောက်နေသည်။ထမင်းစားချိန်ရောက်ဖို့ရာ အနည်းငယ်လိုသေးတာကြောင့် ဆိုင်ထဲဝယ် စကားပြောသံ တစ်စနှစ်စမှလွဲ၍ တိတ်ဆိတ်နေသည်။

"အား!!!မလာနဲ့"

တိတ်ဆိတ်နေသော အခြေအနေကို အော်သံတစ်ခုက ဖြိုခွင်းလိုက်သည်။ထိုအော်သံကြောင့် ဆိုင်ထဲတွင် အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။အအေးသောက်နေရင်း သီးသူကသူသီး၊ ဘုရားတသူကတ၊ အမေတသူကတနှင့်။

ထိုကဲသို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားရသူများထဲတွင် Namjoon သည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။

သူငယ်ချင်းများနှင့် ချိန်းထားသော ဆိုင်တွင်သူက စောရောက်နေသောကြောင့် သူငယ်ချင်းများကိုစောင့်ရင်း ကော်ဖီလေးသောက်ကာ စာအုပ်ဖတ်နေမိသည်။ခဏအကြာ ဟန်လုပ်ကာ တက်လာသော ပါဝါမပါသည့် မျက်မှန်လေးကို ဖြုတ်ရင်းသုတ်နေချိန် ထိုအော်သံကြောင့် သူလဲလန့်ကာ ကျင်စက်ဖြင့်တို့လိုက်သလို ခါသွားသည်။

\\ဂျက်//

အသံကြောင့်ကြည့်မိချိန် သူ့လက်ထဲမှ မျက်မှန်လေးသည် နှစ်ခြမ်းပြဲ...အဲလေ နှစ်ခြမ်းကွဲသွားလေပြီ။စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ခုကို စောင့်ချရင်း အသံလာရာဆီ အမြင်ကပ်ကပ်ဖြင့် မျက်စောင်းဖြင့် လှမ်းကြည့်မိသည်။

"မလုပ်နဲ့လို့ပြောနေတယ်လေကွာ..."

သေချာကြည်မိမှ သူ့သူငယ်ချင်းများဖြစ်နေသည်ပဲ။ပိုးဟပ်အရုပ်လေးကိုင်ကာ Hoseok ကိုလိုက်စနေသော Taehyung နှင့် သူတို့နောက်မှ လွယ်အိတ်ကို လွယ်အိတ်လိုမလွယ်ပဲ ကုန်ထမ်းသလိုထမ်းလာသော Jung Kook တို့ကိုတွေ့လိုက်ရသည်။

Hoseok ကကြောက်အားလန့်အားဖြင့် ပြေးဝင်လာရင်း သူ့နားရောက်မှ သူ့အနောက်တွင်ဝင်ပုန်းနေသည်။

"Taehyung naa ဒီမှာ ကြောက်နေပြီလေ။တော်တော့"

မျက်မှန်ကျိုးသွား၍ စိတ်ပေါက်ပေါက်နှင့် Taehyung ကို ပြောလိုက်သည်။ဒေါသသံတော့မပါ။ဒေါသပါလည်း ကိုယ်တော်ချောတွေက ကြောက်မည့်ပုံမပေါ်။သူကအားလုံးထဲမှာ ခေါင်းဆောင်လိုလို ဘာလိုလိုသာ ဖြစ်နေတာ မည်သူမျှတော့ မကြောက်ကြ။

Her And Us {သူ(မ)နှင့်ကျွန်တော်တို့}Where stories live. Discover now