[အပိုင်း၈]

7 1 0
                                    

\\ခူး......ခလော.....ခူး....//

အိပ်ယာမှနိုးနိုးချင်ကြားလိုက်ရသည်က ချစ်ညီငယ်လေးများ၏ သာယာနာ‌ပျော်ဖွယ်ရာ ဟောက်သံကလေးများပင်ဖြစ်သည်။
ဟောက်နေသည်ကလဲ တစ်ယောက်တည်းမဟုတ် အစုလိုက်အပြုံလိုက်ဟောက်ကြတော့ သူပြန်အိပ်ရခက်ပြီလေ။မတတ်နိုင်တော့။

သူပြန်အိပ်လို့မရနိုင်တော့မှန်းသိ၍ ထထိုင်လိုက်၏။

~~ဟွား~~

သူမနေ့ညက အတော်ပင်ပန်းသွား၍ဖြစ်မည် အိပ်လိုက်တာမှတစ်ချိုးတည်းပင်။သြော်... ပင်ပန်းသည်ဆိုတာက ကားစီးရ၊လေယာဉ်စီးရ၊ဒီကြားထဲ လမ်းပါလျှောက်ရ..ထို့ကြောင့် ခရီးပန်းသွားသည်ကို ဆိုလိုပါသည်။တခြားတော့မတွေးစေလိုပါ။

ဘေးနားမှ နဂါးသိုက်ကို ကြည့်မိတော့ ယခုထက်ထိ တစ်ယောက်ခြေထောက်တစ်ယောက် ဖက်လုံးလုပ်၊တစ်ယောက်ဖင်တစ်ယောက်ခေါင်းအုံးလုပ်၍ အိပ်လို့ကောင်းတုန်းပင်။

အင်း...ကြည့်ရတာ သူတို့လည်း မနေ့ညက အတော်ပင်ပန်း သွားလို့ဖြစ်မည်။

သူမလှုပ်မယက်ထိုင်နေတုန်းမှာပင် အိမ်ရှေ့မှ တစ်ကုပ်ကုပ်နှင့် လူသံကြားရသည်။ပန်းကန်သံ ဇွန်းသံတွေလည်း ကြားရသောကြောင့် ချက်ချင်းပင် ထိုင်နေရာမှ အသက်ရှစ်ဆယ်ကျော် အဘွားကြီးလို ကုန်းရုန်းထသည်။ပြီး‌ေနာက်အရက်မူးသမားလို ယိုင်ထိုးယိုင်ထိုးဖြင့် မျက်စိကိုပွတ်ရင်း အိမ်ရှေ့သို့ သိချင်စောဖြင့်သွားကြည့်လိုက်သည်။

ထိုအခါ အိမ်ရှေ့ရှိ အဖီဆွဲထားသော ကွပ်ပျစ်လေး‌ပေါ် စားပွဲဝိုင်းလေးတစ်လုံးကိုချကာ အစားအသောက်များကို တည်ခင်းနေသော အဒေါ်ကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။

ထိုအဒေါ်ကြီးကို မနေ့ညကလည်း တွေ့ခဲ့ရ၏။ကြည့်ရတာ မနေ့ညကတွေ့ခဲ့သော ဦးလေးကြီးတို့နှင့် တစ်ခုခုပတ်သတ်ဟန်တူပါသည်။

သူရပ်နေသည်ကိုမြင်တော့ ထိုအဒေါ်ကြီးက ဖော်ရွေစွာပြုံးပြသည်။သူကလည်း မင်းသားရှုံးလောက်သည့် အပြုံးမျိုးနှင့် ပြန်ပြုံးပြလိုက်ပါသည်။

ထိုအဒေါ်ကြီးက စကားပြောရန် ဟန်ပြင်ပြီးမှ သူတို့နှစ်ဉီးဘာသာစကားမတူသည်ကို သတိရသွားဟန်နှင့် တန့်သွားသည်။သည့်နောက် အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ အကြံရသွားဟန်ဖြင့် သူ့အား လက်အမူအရာနှင့် အစားစားသည့်ဟန်လုပ်ပြသည်။

Her And Us {သူ(မ)နှင့်ကျွန်တော်တို့}Where stories live. Discover now