Chapter 01

1.4K 175 4
                                    

Unicode

Chatper 01 - လယ်ယာအမွေဆက်ခံခြင်း ၁

ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ကြယ်များမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး သာမန်ဆန်၍သေးငယ်သော အာကာသယာဉ်က ဖြည်းညင်းစွာဖြင့် ခြေဦးတည့်ရာလှည့်ပတ်သွားလာနေသည်။

ကုပိုင်နိုးလာပြီးနောက် သူသည် ဤအာကာသယာဉ်ငယ်ထဲတွင် ရှိနေ၏။

သူ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တော့ အရာအားလုံးက မရင်းနှီးဖြစ်နေပြီး သူ့လက်ကောက်ဝတ်တွင် တစစ်စစ်ဖြစ်နေသည့်အရာက သူ့အာရုံကို ဖမ်းစားသွားသည်။

ချွန်ထက်သောဓားဖြင့် လှီးဖြတ်ခံထားရသော ဒဏ်ရာမှာ သွေးများစီးကျနေဆဲပင်။ သူရှိနေသည့်ရေချိုးကန်ထဲမှ ရေသည် နီရဲနေပြီး ထိတ်လန့်စရာကောင်းနေလေသည်။

ဤခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်မဟုတ်ပေ။ သူသည် ကမ္ဘာပျက်ကပ်ကာလတွင် မည်မျှပင်ခက်ခဲပါစေ၊ သူ့ကိုယ်သူသတ်သေရန် ဘယ်သောအခါကမှ မတွေးခဲ့ဖူးချေ။

နောက်ဆုံးသောနေ့ရက်များရှိ လူတိုင်း၏ဆန္ဒမှာ အသက်ရှင်သန်ရန်ဖြစ်သည်။

မှတ်ဉာဏ်အပိုင်းအစများစွာ သူ့စိတ်ထဲသို့ ပြေးဝင်လာသောကြောင့် လက်ကောက်ဝတ်ကို အာရုံစိုက်နေရန် အချိန်မရှိတော့ဘဲ မျက်မှောင်ကြုတ်လိုက်မိပြီး နဖူးမှ ချွေးအေးများ စီးကျလာကာ အလွန်နာကျင်နေသည့်သွင်ပြင် ဖြစ်သွားရ၏။

အချိန်အတော်ကြာပြီးနောက် ကုပိုင်၏အမူအရာ ပြေလျော့သွားပြီး သူ့ရှေ့တွင်ရှိနေသည့် အရာအားလုံးကို နားလည်သွားတော့သည်။

သူ ကူးပြောင်းလာခဲ့သည်။ ကမ္ဘာပျက်ကပ်မတိုင်ခင်ကဆိုလျှင် ဖြစ်နိုင်ခြေမရှိဟု  သူထင်ကောင်းထင်နိုင်သော်လည်း ကမ္ဘာပျက်ကပ်နှင့်တွေ့ပြီး သဘာဝလွန်စွမ်းအား ပိုင်ဆိုင်ထားသည့်သူ့အတွက်ကတော့ အရာအားလုံးက ဖြစ်နိုင်သည်ပင်။

သူ ကူးပြောင်းလာသည့်ခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ဗဟိုကြယ်မှ ရှန်မိသားစု၏သခင်ငယ်လေးဖြစ်ပြီး ရှန်ပိုင်ဟုခေါ်သည်။

သို့ရာတွင် မူလပိုင်ရှင်၏မိခင်သေဆုံးပြီးနောက် မူလပိုင်ရှင်၏ဖခင်သည် သိပ်မကြာခင်မှာပင် ဇနီးအသစ်နှင့်လက်ထပ်ခဲ့ပြီး စနိုးဝှိုက်ပုံပြင်ထဲရှိ ရက်စက်ကြမ်းကြုတ်သည့်မိထွေးသည် အွန်လိုင်းဖြစ်လာသည်။ ထိုအချိန်မှစ၍ မူလပိုင်ရှင်သည် မည်သည့်အခါကမျှ ကောင်းမွန်သောဘဝမရှိခဲ့ဘဲ သူ့အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် ဗဟိုကြယ်မှ သူ့ကိုမောင်းထုတ်ရန်လည်း မိထွေးကပင် စီစဉ်ခဲ့၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now