Chapter 26

507 98 3
                                    

Unicode

ဟုတ်ပေသည်၊ တူညီသည့်ပန်းတိုင်ကိုရောက်ရန် ပိုမြန်ဆန်သည့်နည်းလမ်းတစ်ခု ရှိပါသေး၏။ ဖုတ်ကောင်များ၏ စွမ်းအင်အမြူတေထဲမှ စွမ်းအင်များကို စုပ်ယူလိုက်ရုံပင်။ သို့သော်လည်း ယခုလက်ရှိတွင် ကုပိုင်သည် ဖုတ်ကောင်များကင်းစင်သော ကမ္ဘာတွင် ရှိနေသောကြောင့် သူ့စွမ်းရည်ကို နှေးကွေးစွာသာ မြှင့်တင်နိုင်လိမ့်မည်ဖြစ်လေသည်။

ကံကောင်းစွာနှင့် ကမ္ဘာကြီးသည် အလွန်လုံခြုံ‌နေသည်။ သူ့အသက်ဆုံးရှုံးမှာကို မကြောက်ရဘဲ သူ့စွမ်းရည်ကိုလည်း တိုးတက်အောင်လုပ်ရန် အချိန်အလုံအလောက်ရှိ၏။

အသစ်ပြန်လည်ရရှိလာသော စွမ်းအင်များကို အပင်ပေါက်များအတွင်းသို့ တစ်ဖန်လောင်းထည့်ပြီးနောက် ကုပိုင် ၎င်းတို့အား ချန်ရစ်ထားလိုက်သည်။ စွမ်းအင်ပြန်လည်ပြည့်တင်းလာပါက ထိုသို့ပြန်လည်လုပ်ဆောင်ရန် သူ့ဘာသာသူ တွေးနေသည်။ အပင်ပေါက်များ အပွင့်,ပွင့်ပြီး အသီးမသီးခင်အထိ သူ ရပ်တန့်၍မရပေ။

သူနှင့်ယှဉ်ပါက အိမ်ထိန်းကုသည် စူးစမ်းလိုစိတ် အလွန်ပြင်းပြသည့်အတွက် လယ်မြေကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ  လာရောက်စစ်ဆေးခဲ့သည်။ တစ်ချိန်လုံး သူတို့ကို စောင့်ကြည့်နေရန် လယ်မြေတွင်ပင် အိပ်ချင်နေသေး၏။

ကုပိုင် သူ့ကို ကြိမ်ဖန်များစွာ စည်းရုံးရန်ကြိုးစားသော်ငြား မအောင်မြင်သည့်အတွက် လွှတ်ထားလိုက်ရသည်။

သို့‌သော် အဆုံးတွင်တော့ အိမ်တော်ထိန်းထင်တာက မှန်နေသည်။

ဒုတိယအကျော့ လျှာကဝေပြိုင်ပွဲမတိုင်မီ တစ်ရက်အလိုတွင် အိမ်တော်ထိန်းကုသည် စိုက်ပျိုးထားသော ပျိုးပင်များကို ရေလောင်းရန် သို့မဟုတ် ပေါင်းသတ်ရန် လိုအပ်မည်လားဆိုသည်ကို စစ်ဆေးရန် ပုံမှန်အတိုင်းပင် လယ်မြေသို့ သွားရောက်ခဲ့သည်။ တကယ်တော့ သူလုပ်စရာ မလိုလျှင်ပင် သေချာအောင် လာကြည့်ခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် လယ်ကွင်းနားသို့လျှောက်လာရင်း မြေလွတ်များကိုသာ နှုတ်ဆက်လိုက်ရလေသည်။ အိမ်တော်ထိန်းကု သူ့မျက်လုံးများကို မပွတ်သပ်ဘဲမနေနိုင်ဖြစ်သွားပြီး သူ တခြားလယ်သို့ ရောက်နေသလားဟု တွေးမိသွားရ၏။ နောက်တစ်ချက်အနေဖြင့် သူ့ခြံကကျယ်သောကြောင့် ဆင်တူတာတွေ အများကြီးရှိနိုင်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now