Chapter 22

650 106 3
                                    

Chapter 22  မုမုက NPCလား

သူတို့အတွက် ဒုတိယမြောက်ကမ္ဘာတွင်ရှိကတည်းက လူတစ်ဦးသည် ဟင်းတစ်ပွဲတည်းကိုသာ စားသုံးနိုင်သည်ဆိုသည့် စည်းမျဉ်းရှိထားသည်။အဘယ်ကြောင့်ဟုဆိုရပါက ထိုကမ္ဘာတွင်ရှိသည့် ပါဝင်ပစ္စည်းများက အတော်စျေးပေါတာကြောင့်ပင်။ လူတွေကို သူတို့လိုချင်သလောက်သာ ပေးနေလျှင် သူတို့အတွက် ပိုက်ဆံရှာရန် လွယ်လွန်းသွားပေလိမ့်မည်။

ထို့အပြင် ဤနည်းလမ်းသည် စားဖိုမှူးများ ငွေအလွယ်မရအောင် တားဆီးနိုင်သည့် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်၏။

သို့သော် စားဖိုမှူးများက အစစ်အမှန်လက်တွေ့ကမ္ဘာတွင် ဟင်းလျာများကို အမှန်တကယ်ချက်ပြုတ်ပါက ဖောက်သည်များအား Starnet တွင် စမ်းကြည့်ရန် အစားအစာများ ပံ့ပိုးပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် ဟင်းတစ်ပွဲကို မရေမတွက်နိုင်သောလူများအားလည်း ရောင်းချနိုင်လေသည်။

ဟုတ်ပေသည်၊ စာမေးပွဲ၏ကုန်ကျစရိတ်သည် အလွန်နိမ့်သည်။ ဟင်းတစ်ပွဲစီအတွက် 3XB မှ 10 XB သာ။ သို့သော် လူအများကစမ်းကြည့်ရန် စိတ်ဝင်စားလျှင် ၀င်ငွေလည်း အများကြီးရနိုင်သည်။

ပထမတော့ ကုပိုင်သည် အကြောင်းပြချက်နှစ်ခုကြောင့် အွန်လိုင်းစတိုးကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။ ပထမအချက်မှာ ကုန်ကျစရိတ်နည်းပါးပြီး ဒုတိယအချက်မှာ စတိုးဆိုင်ဖွင့်ရန် ပိုင်ရှင်များအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးသောကြောင့်ဖြစ်ကာ ထိုအချိန်က ကုပိုင်အတွက် ၎င်းက တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ခဲ့သည်။ ထို့အပြင် ဒုတိယမြောက်ကမ္ဘာရှိ ပါဝင်ပစ္စည်းများသည် အစစ်အမှန်လက်တွေ့ကမ္ဘာထက် များစွာစျေးသက်သာသောကြောင့် သူတတ်နိုင်လေသည်။

သို့သော် သူ့တွင် ပိုက်ဆံအလုံအလောက်ရှိပါက  အစားအစာကို အစစ်အမှန်လက်တွေ့ကမ္ဘာမှာ ချက်ပြုတ်ပြီးမှ ဒုတိယမြောက်ကမ္ဘာတွင် ရောင်းချသည့် ဒုတိယအမျိုးအစားကို ရွေးချယ်မှာသေချာသည်။ ဤနည်းဖြင့် သူသည် လူများစွာ၏လိုအပ်ချက်ကို ပန်းကန်တစ်လုံးတည်းဖြင့် ဖြည့်ဆည်းပေးနိုင်ပြီး အချိန်နှင့်အားအင်များစွာကို သက်သာစေနိုင်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now