Chapter 21

638 102 2
                                    

Chapter 21  ပြိုင်ပွဲသို့ အောင်မြင်စွာဝင်ရောက်

ကုပိုင် သူ့ရှေ့ရှိကုန်ကြမ်းများကို ငုံ့ကြည့်လိုက်တော့ အာလူးနှင့်ဂေါ်ဖီထုပ်ကဲ့သို့သော ကြယ်စင်စုခေတ်တွင် အသုံးများသောပါဝင်ပစ္စည်းများကို မတွေ့ရချေ။ ပြောရမယ်ဆိုပါက ဤတခေါက်တွင် အခက်အခဲတွေ များလာသည်။ ပြိုင်ပွဲဝင်အချို့ဆိုလျှင် မျှော်လင့်ချက်ပျောက်ဆုံးပြီး ငိုကြွေးကုန်ကြသည်။

သို့သော် ၎င်းက ကုပိုင်ကိုအနိုင်ယူရန် မလုံလောက်ပေ။

“ပထမတစ်မျိုး ဆလတ်ရွက်” စာမေးပွဲမှူးက အေးအေးဆေးဆေးပြောပြီး ရွေးချယ်ရန်အချိန်အများကြီး မပေးခဲ့ချေ။ သူက ခေါင်းစဉ်ကိုဖတ်ပြီးတိုင်း ဆယ်စက္ကန့်သာအချိန်ပေးသည်။

ထို့ကြောင့် နှစ်မိနစ်အတွင်း ဒုတိယအကဲဖြတ်မှုပြီးသွားကာ ရလဒ်များလည်း ထွက်လာသည်။

"ငါပြိုင်ပွဲမစခင်က အပင်သုတေသနဌာနကို ခရီးထွက်ခွင့်ရလို့ အရမ်းကံကောင်းတယ် ပါဝင်ပစ္စည်းတွေထဲကနှစ်ခုက မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့ကြတာမို့လို့ လူတော်တော်များများ မအောင်မြင်မှာစိုးမိတယ်" ဟု ဖန်းဝေ့ရွှမ်းက ပြောလာသည်။

"မင်း သူတို့ကို မမှတ်မိဘူးဆိုရင်တောင် စာမေးပွဲ အောင်နိုင်ပါ‌သေးတယ်" ကုပိုင်က သူ့ကိုနှစ်သိမ့်လိုက်သည်။ နှစ်ယောက်စလုံး ဒုတိယအကျော့တွင် အမှတ်ပြည့်ရခဲ့ကြသည်။

ဖန်းဝေ့ရွှမ်းက "မင်းပြောတာမှန်တယ် ဟဟ..."

"မင်း အခုလေးတင် အပင်သုတေသနဌာနလို့ပြောခဲ့တာ အဲ့မှာ သီးနှံအသစ်တွေ လေ့လာနေတာလား" ကုပိုင်သည် ရှန်ပိုင်၏မှတ်ဉာဏ်မှတဆင့် ကမ္ဘာကြီးအကြောင်းကို အခြေခံနားလည်ထားသော်လည်း သူ့အသိဥာဏ်နှင့် လိုက်မမီသည့် အရာများစွာရှိနေသည်။

"ဟမ် ရှေးခေတ်ကမ္ဘာတုန်းက စာရွက်စာတမ်းတွေ အများကြီးမကျန်တော့ဘူး ကံကောင်းစွာနဲ့ အင်ပါယာက လူအင်အားနဲ့အချိန်တွေအကုန်ခံပြီး ဒီသီးနှံတွေကိုလေ့လာခဲ့တယ် အောင်မြင်မှုနှုန်းက မမြင့်ပေမယ့် အနည်းဆုံးတော့ နှစ်တိုင်း အသစ်,အသစ်တွေ ရှာတွေ့ခဲ့တယ်လေ " ဖန်းဝေ့ရွှမ်းက ဖြေလိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Onde histórias criam vida. Descubra agora