Chapter 13

686 128 1
                                    

Unicode

Chapter 13 သူက သူ့ကို ပွေ့ချီသွားတယ်

သူတို့ မီးဖိုချောင်ထဲပြန်ရောက်သည့်အခါ ကုပိုင်က နောက်ထပ်အလုပ်များသည့်နေ့တစ်နေ့ကို စတင်ခဲ့၏။

မနေ့က တစ်မနက်လုံး ဟင်းပွဲတွေပြုလုပ်ရာတွင် အလုပ်များနေခဲ့ရသည်ဆိုတည်းက ယနေ့တွင်လည်း ပစ္စည်းတွေနှစ်ဆတိုးထားသည့်အတွက် မီးဖိုချောင်ထဲမှာ တစ်နေလုံးကုန်ဆုံးရရန်များသည်။

မနေ့ကလိုပင် သူ ဟင်းပွဲများပြုလုပ်ပြီး sale panelမှာ အပ်ဒိတ်လုပ်တိုင်း အပြင်မှာရှိနေသည့်ဖောက်သည်များက စက္ကန့်ပိုင်းအတွင်း လုယူကြလိမ့်မည်ဖြစ်၏။

အချိန်တိုင်း ထိုသို့ဖြစ်နေသောကြောင့် ကုပိုင်သည် မောပန်းနွမ်းနယ်သွားသည်အထိ အပြင်မထွက်နိုင်ခဲ့ပေ။

"ဆိုင်ရှင် ကျေးဇူးပြုပြီး တစ်ကြိမ်မှာ ဟင်းတစ်ပွဲပဲမရောင်းပါနဲ့ အားလုံးပြီးမှ အော်ဒါအားလုံးကို အပ်ဒိတ်လုပ်လို့ရမလား၊ ကျုပ်တို့ စောင့်နိုင်ပါတယ်"

"ဟုတ်တယ်ဆိုင်ရှင် ကျေးဇူးပြုပြီး ရောင်းတဲ့အချိန် သတ်မှတ်ပေးပါ"

ကုပိုင်ထွက်လာသည်နှင့်တပြိုင်နက် ဖောက်သည်များနှင့်သူတို့၏အကြံပြုချက်များက သူ့အားဝန်းရံသွားတော့၏။

ကုပိုင် မှင်တက်သွားရသည်။ မနေ့က သူ ဒီလိုပဲရောင်းခဲ့တုန်းကလည်း အားလုံးက စိတ်ကောင်း၀င်ပြီး လက်ခံခဲ့ကြသည်။ ဟင်းပွဲတွေပြီးသွားသည်နှင့် ရောင်းသည့်အချိန်ကိုပင် မမေးခဲ့ကြချေ။ မည်သို့ပင်ဖြစ်စေ ရောင်းသည့်အချိန်က ထမင်းစားချိန်ပင်။ သူတို့ အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသည်လဲ။ကုပိုင် အဲဒါကို ထုတ်မပြောမိပဲ မနေနိုင်တော့ချေ။

"နောက်ထပ် ဘာများဖြစ်နိုင်ဦးမှာလဲ၊ ဒါတွေအားလုံးက သူ့ကြောင့်ပဲ!"  ထို့နောက် ဖောက်သည်တစ်ဦးမှ ညည်းတွား၍ လူတစ်ယောက်အားညွှန်ပြလာပြီး "ဒီလူက မြန်လွန်းတယ် အော်ဒါကို ခင်ဗျားအပ်ဒိတ်လုပ်ပြီး ကျွန်တော်တို့ ရွေးချယ်စရာတွေတွေ့ပြီဆို သူရသွားပြီ အကြိမ်ပေါင်းများစွာဖြစ်သွားတယ်ဆိုလည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် အခုကျတော့ သူက အကုန်လုံးနီးပါးရသွားတာလေဗျာ ခင်ဗျားရဲ့ဟင်းပွဲတွေထက် ကျုပ်တို့ရဲ့လူအရေအတွက်က များနေပြီးသားဖြစ်‌နေတာကို အခု သူက အော်ဒါအများစုကိုရသွားပြီး ကျွန်တော်တို့အများစုက ဘာမှမရလိုက်ဘူး”

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now