Chapter 12

662 117 1
                                    

Unicode

Chapter 12 မုမု

"ငါ့မှာရှိတယ်" ဟု ထိုလူက လေးလေးနက်နက်ပြောလာသည်။

"ကျွန်တော်က ဈေးကြီးတဲ့ဟင်းပွဲတွေပဲ လုပ်တယ်၊ သူတို့က XB အများကြီးလိုတယ်နော်" ကုပိုင်က စိတ်ဝင်တစားနှင့်ဆက်ပြောလိုက်မိ၏။

ဒီလူက သူ့typeမဟုတ်ဘဲ စကားနည်းပြီး မိုက်မဲတယ်လို့တောင် ကုပိုင်ထင်မိပေမယ့် သူက ရယ်စရာကောင်းလှသည်။

ထိုလူက စကားထပ်ပြောမလာဘဲ သူ့ back panelကိုဖွင့်၍ သူ၏XB လက်ကျန်ပမာဏကို ကုပိုင်အားပြလာ၏။

နံပါတ်နောက်ကွယ်ရှိ သုညအတန်းလိုက်ကြီးသည် ကုပိုင်၏မျက်လုံးများကိုပင် နာကျင်သွားစေလေသည်။ သုညမည်မျှရှိမှန်း သူမသိသော်လည်း ၎င်းက သူတစ်သက်လုံးရှာဖွေနိုင်လောက်သည့် ကိန်းဂဏန်းမဟုတ်ချေ။

ထိုလူကို ပြန်ကြည့်လိုက်ပြီး ကုပိုင် စိတ်ရှုပ်ထွေးသွားရသည် ။ အားကျခြင်း၊ ခါးသီးသောခံစားချက်နှင့် ကူကယ်ရာမဲ့ခြင်းတို့ပင် ပါ၀င်နေသေးသည်။

ထိုလူ၏ဦးနှောက်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကုပိုင်သေချာသွားပြီပင်။ ထိုယောက်ျားတွင် ပိုက်ဆံအများကြီးရှိသော်လည်း ဘယ်သူ့ကိုမှ ကာကွယ်မနေဘဲ သူစိမ်းတစ်ယောက်ကိုပင် သူ့ပိုင်ဆိုင်မှုကို တိုက်ရိုက်ပြသနေသည်လေ။ဒါက "ကျွန်တော်က တုံးအအသူဌေးတစ်ယောက်ပါ လာလုယက်ပါ!"လို့ အခြားသူတွေကို ပြောနေတာနဲ့မတူဘူးလား။

ကုပိုင်နှင့်တွေ့ရတာ ထိုလူကံကောင်း၍ပင်။အကယ်၍ သူသာ လူလိမ် သို့မဟုတ် မရိုးသားသူများနှင့် တွေ့ဆုံခဲ့မည်ဆိုလျှင် မိနစ်အနည်းငယ်အတွင်း ဆင်းရဲမွဲတေသွားလိမ့်မည်ဖြစ်၏။

သူက ဘယ်သူလဲ၊ ဘာကြောင့် သူ့မိသားစုက သူ့ကို ဒီလောက်ပိုက်ဆံအများကြီးနဲ့ ဒီနေရာမှာ ထားခဲ့တာလဲ။ သူ့ကို လုံးဝမစိုးရိမ်ကြဘူးလား?

သို့သော် ဤအရာတစ်ခုမှ အရေးမကြီးပါချေ။ အဓိက,ကတော့...

"ကျွန်တော်နဲ့ပြန်လိုက်လာခဲ့ ခင်ဗျားစားချင်သမျှကို မှာလိုက်လို့ရတယ်" ကုပိုင်က ခပ်ကြီးကြီးအပြုံးတစ်ပွင့်ကို ပြသလိုက်သည်။ ငတုံးတွေကသာ သူ့ကို လွှတ်ပေးလိမ့်မယ်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now