Chapter 31

479 95 2
                                    

Unicode

ယခင်ပြိုင်ပွဲဝင်များ၏ ဟင်းလျာများနှင့်ပတ်သက်၍ အကဲဖြတ်ဒိုင်များက မှတ်ချက်ပေးပြီးနောက် မကြာမီ ကုပိုင် ၏အလှည့်ဖြစ်သည်။ အကဲဖြတ်ဒိုင်ငါးဦး၏ မျက်၀န်းများက တောက်ပနေပြီး သူ့လက်ထဲမှ ပန်းကန်များကို စိုက်ကြည့်နေကြသည်။

ဤတစ်ကြိမ်တွင်တော့ တစ်ပန်းကန်စီ ခွဲမထားပါချေ။ ယင်းအစား ကြက်အသဲနှင့်ကြက်ဖင်ဆီဖူးကြော် တစ်ပန်းကန်နှင့် ဂေါ်ဖီထုပ်ဟင်းချိုသာ။

"ဒီဟင်းကို အရင်မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်" ကုပိုင်က ကြက်အသဲနှင့်ကြက်ဖင်ဆီဖူးကြော်ကို အရင်မြည်းစမ်းကြည့်ရန် အကြံပေးလာပြီးနောက် ဂေါ်ဖီထုပ်ဟင်းချိုဆီ လက်လှမ်းထားသည့် အကဲဖြတ်ဒိုင်များက တိတ်တဆိတ်လက်ကို နောက်ဆုတ်လိုက်ကြသော်လည်း မည်သူကမှ စ၍အရသာမမြည်းစမ်းကြည့်ကြချေ။

သူတို့သည် အစားအစာကို တကယ်မျိုမချနိုင်သည့် ဒုတိယမြောက်ကမ္ဘာတွင်ရှိနေပြီး အနံ့က တကယ်ကို စွဲမက်ဖွယ်ကောင်းသော်ငြား စားသည့်အခါတွင် အနည်းငယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းလိမ့်မည်ဟု သူတို့ ခံစားကြရ၏။

ကုပိုင်က သူတို့မည်သို့ခံစားနေရမည်ကို နားလည်နိုင်သည့်အတွက် သူတို့ကို အလျင်စလိုတိုက်တွန်းရန် မလုပ်ခဲ့ချေ။ ယင်းအစား အကဲဖြတ်ဒိုင်တွေ စတင်မြည်းစမ်းကြည့်ရန် ပြင်ဆင်မည့်အချိန်ကိုသာ စောင့်နေလိုက်သည်။ မြည်းကြည့်ပြီးသည်နှင့် ကျန်တာတွေကိုဝေမျှရန် မလောက်ငှဘူးဟု သူတို့ခံစားရမှာ သေချာသလောက်ပင်။

"ငါအရင် စမ်းကြည့်မယ်ကွာ" အကဲဖြတ်ဒိုင်အားလုံး မြည်းစမ်းကြည့်ရန် တုံ့ဆိုင်းနေသည့်အချိန် သူတို့ထဲမှ တစ်ဦးတည်းသောအမျိုးသမီး စစ်ရှောင်းသည် သူမ၏တူများကို ကောက်ယူ၍ ကြက်ဖင်ဆီဖူးနှင့်အသဲကြော်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အားလုံးက သူမ၏တုံ့ပြန်မှုကို မျှော်လင့်ပြီး သူမကို စိုက်ကြည့်နေကြလေသည်။

သို့သော် စစ်ရှောင်းသည် ယခင်က မည်မျှပင်ပြုံးနေသော်လည်း ယခုအခါတွင်တော့ သူမပါးစပ်က ဝါးနေသည်မှလွဲ၍ မလှုပ်မယှက်ဖြစ်နေသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now