Chapter 07

720 125 2
                                    

Unicode

ယွီရှောင်လဲ့သည် ယနေ့တွင် အားလပ်ရက်တစ်ရက်ယူထားသောကြောင့် ပကတိကမ္ဘာသို့သွား၍ Flavor Travel Restaurant တွင် ဟင်းလျာအသစ်များကို မြည်းစမ်းကြည့်ရန် သူ့သူငယ်ချင်းကို  ဖိတ်ခေါ်ထားသည်။

သို့သော်ငြား စားသောက်ဆိုင်နားသို့ရောက်သည်နှင့် ပြင်းထန်သောအနံ့ကြောင့် သူတို့ "တိုက်ခိုက်ခြင်း" ခံလိုက်ရသည်။

"ဟပ်ချိုး ! အဲဒီအနံ့ကဘာလဲ" ယွီရှောင်လဲ့သည် နှာမချေမိဘဲမနေနိုင်ခဲ့ပေ။

"ဟပ်ချိုး ! အနံ့က ကောင်းလိုက်တာ! ဟပ်ချိုး!" သူ့အဖော်က တခေါက်ပြီးတခေါက် နှာချေနေမိသလို အနံ့ကလည်း သူတို့ကို ဆွဲဆောင်နေလေသည်။

"ဒါက Flavor Travel Restaurant ရဲ့ ထုတ်ကုန်အသစ်ဖြစ်ရမယ် အရမ်းကောင်းတယ် အဲဒါက ဘာလဲဆိုတာသိရအောင် သွားကြည့်ကြစို့" ဟု ယွီရှောင်လဲ့က သူ့သူငယ်ချင်းကို တိုက်တွန်းလိုက်သည်။

သူတို့ မသိစိတ်က အရှိန်မြှင့်လိုက်မိပြီး ကျန်သည့် လမ်းသွားလမ်းလာတွေလည်း ထိုသို့လုပ်ခဲ့ကြ၏။

ယွီရှောင်လဲ့သည် မကြာမီပင် သူ့ဦးတည်နေသည့်နေရာသို့ ရောက်ရှိသွားသည်။ များပြားလှသော ဖောက်သည်စီးဆင်းမှုနှင့် စားသောက်ဆိုင်တန်း၏ ပထမဆုံးထောင့်စွန်းတွင် တည်ရှိနေသည့် ပြီးပြည့်စုံသောတည်နေရာကြောင့် စားသောက်ဆိုင်သည် မည်သည့်အခါကမျှ ဖောက်သည်ပြတ်လပ်ခြင်းမရှိခဲ့ချေ။ ယင်းအစား တစ်ခါတလေ သူတို့တွေက အစားမစားခင် အပြင်မှာ ခဏလောက် တန်းစီရသေးသည်။

သို့သော်လည်း ယွီရှောင်လဲ့သည် ယနေ့ အပြင်ဘက်တွင် လူသိပ်မတွေ့ခဲ့ရပေ။ သူ သူ့သူငယ်ချင်းကို ဆွဲခေါ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် တန်းစီလိုက်၏။"ဒီနေ့ ငါတို့ ကံကောင်းလိုက်တာကွာ နေ့လယ်စာ မကြာခင် စားရတော့မယ်"

ဒါပေမယ့် သူ့သူငယ်ချင်းက သူ့လိုမခံစားရချေ။ သူ လေထဲရှိ အနံ့ကို ဂရုတစိုက်ရှူကြည့်ပြီးနောက် ယွီရှောင်လဲ့ကိုကြည့်၍ "ရှောင်လဲ့၊ အနံ့က Flavor Travel Restaurant က အနံ့လို့ ငါမထင်ဘူးနော်"

"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက ဒုတိယမြောက်ကမ္ဘာမှာ အကျော်ကြားဆုံး စားသောက်ဆိုင်ဖြစ်ပြီး သူတို့လုပ်တဲ့ အစားအစာတွေက တခြားစားသောက်ဆိုင်တွေထက် အများကြီး ပိုကောင်းတယ်  ဘယ်လိုကြောင့် အနံ့က ဒီကလာတာမဟုတ်ရမှာလဲ"ယွီရှောင်လဲ့က သူပြောတာကို မယုံ‌ကြည်ပါချေ။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now