Chapter 10

766 137 2
                                    

Unicode

Chapter 10 သူ ဈေးနှုန်းမြှင့်ရလိမ့်မယ်

ဗဟိုကြယ်ရှိ အင်ပါယာ၏ပထမစစ်ဆေးရုံတွင်၊ ဖြူဖျော့ဖျော့အမျိုးသားတစ်ဦးသည် အကောင်းဆုံး ICU ခန်းတွင် လဲလျောင်းနေသည်။ သူ၏ထွင်းထုပုံဖော်ထားသလိုမျက်နှာက ချောမောခန့်ညားပုံရသော်ငြား တင်းကြပ်သည့်အမူအရာက ယခုသတိလစ်နေလျှင်ပင် သူ့အနားသို့ လူတွေမလာချင်အောင် တားဆီးထားသည်။

" မာရှယ်ကျွင်း ဘယ်လိုနေလဲ "တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် မေးသည်။

ဆေးရုံဒါရိုက်တာဖန်းရွေ့ချန်က စဉ်းစဉ်းစားစားဖြင့် ခေါင်းခါပြလိုက်ပြီး "သူ မကောင်းလာသေးဘူး၊ သူ့စိတ်၀ိဉာဥ်က ပြိုလဲလုနီးပါးဖြစ်နေပြီ အချိန်မရွေး အဲ့လိုဖြစ်ပျက်သွားမှာစိုးမိတယ်"

စိတ်ဝိညာဉ်ပြိုလဲကျမှုသည် ကြယ်စင်စုခေတ်လူသားများအတွက် အမြဲလိုလိုပင် အန္တရာယ်အရှိဆုံးအကျပ်အတည်း ဖြစ်လေ့ရှိသည်။ သူတို့ အားကောင်းလေလေ၊ သူတို့၏ စိတ်ဝိညာဉ်များက ထိန်းချုပ်မှုဆုံးရှုံးပြီး နောက်ဆုံးတွင် ပြိုကွဲသွားနိုင်ခြေ ပိုများလေလေဖြစ်သည်။

ထိုသို့ဖြစ်သွားသည်နှင့် သူတို့ရူးရင်ရူး ၊ သို့မဟုတ် သေရင်‌သေသွားလိမ့်မည်ဖြစ်၏။

အဖြေကိုကြားတော့ ထိုလူက သူ့ဘေးနားရှိနံရံကို လက်သီးနှင့်မထိုးဘဲ မနေနိုင်ခဲ့ချေ။ "ဒါအကုန်လုံး ကျွန်တော်ရဲ့အမှားပဲ၊ မာရှယ်ကျွင်းသာ ကျွန်တော့်ကို မကယ်တင်ခဲ့ရင် ဒီလိုမျိုးဖြစ်သွားမှာ မဟုတ်ဘူး၊ ကျွန်တော်ကသာ ဒီနေရာမှာ လှဲနေရမယ့်သူဖြစ်သင့်တာကို ကျွန်တော်ကသာ ဒီနေရာမှာ သေရမယ့်သူဖြစ်သင့်တာ!"

"မင်း ငါ့ရှေ့မှာ ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေ လာမပြောနဲ့ သေချင်ရင်အပြင်မှာသွားသေ" ဖန်းရွေ့ချန်က ထိုလူကိုစူးစူးရဲရဲစိုက်ကြည့်၍ ခက်ထန်စွာ ဟိန်းဟောက်လိုက်သည်။ "မြန်မြန်သေလိုက်တော့ မင်းရဲ့ရန်သူတွေ ဒုက္ခများမှာကနေကယ်တင်ပြီး ကိုယ့်ကိုကိုယ် တိုက်ရိုက်သတ်သေနိုင်တယ်ဆိုတာ သူတို့ကိုပြလိုက်ရင် အကောင်းဆုံးပဲ သွားသေလိုက် သွား... ပြီးရင် မင်းရဲ့ရန်သူတွေက သူတို့ရဲ့ ခွန်အားကိုထိန်းပြီး ဂုဏ်ပြုဖို့အတွက် ဝိုင်သောက်ကြလိမ့်မယ်"

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now