Chapter 29

486 91 2
                                    

Unicode

ပြိုင်ပွဲဝင်များသည်လည်း ထိုကဲ့သို့သော အတွေးမျိုးရှိခဲ့ကြပြီး ဂိမ်းပရိသတ်များ အထူးသဖြင့် ကုပိုင်၏ပရိသတ်များကလည်း ထိုနည်းလည်းကောင်းပင်။ ကုန်ကြမ်းကို တမင်တကာ အများကြီးယူလိုက်ကြသော ပြိုင်ပွဲဝင်များကို ဝေဖန်နေကြပြီး ကုပိုင်အား ပါဝင်ပစ္စည်းများကို ဖန်သားပြင်မှတစ်ဆင့် ပေးပို့လိုကြသည်။

သူတို့၏စိုးရိမ်ပူပန်မှုများနှင့်ယှဉ်လျှင် ကုပိုင်သည် အတော့်ကိုတည်ငြိမ်နေပြီး ကျန်ပါ၀င်ပစ္စည်းအားလုံးကိုယူကာ သူ့နေရာကို ပြန်သွားခဲ့သည်။

"ရှောင်ပိုင် အသားယူဦးမလား ငါအများကြီးယူခဲ့လိုက်တာ အဲ့လောက်မလိုအပ်ဘူး" ဖန်းဝေ့ရွှမ်းက ကုပိုင်သူ့ဘေးက ဖြတ်သွားချိန်ပြောလာပြီး  သူက ကုပိုင်ကို ဝက်သားအနည်းငယ်ခွဲပေးရန် စီစဉ်နေသည်။

ကုပိုင် ခေါင်းယမ်းပြီး ပြုံးလိုက်သည်။ "ရတယ်၊ ငါ ဒါနဲ့တင် လုပ်လို့ရတယ်"

"ဒါပေမယ့်..." ဖန်းဝေ့ရွှမ်း တစ်ခုခုပြောခါနီး တင်ဆက်သူက သူ့ကိုတွေ့သွားသည်။ "ကျေးဇူးပြုပြီး တစ်ယောက်နဲ့တစ်ယောက် စကားမပြောပါနဲ့ ပါဝင်ပစ္စည်းတွေကို သီးသန့်လဲလှယ်ဖို့ တားမြစ်ထားပါတယ်"

"စိတ်မပူပါနဲ့" ကုပိုင် သူ့ကိုနှစ်သိမ့်ပြီး သူ့နေရာကို ပြန်လျှောက်သွားလိုက်သည်။

အခြားပြိုင်ပွဲဝင်များက စာနာစိတ်မရှိကြခြင်းလား သို့မဟုတ် မနာလိုတတ်ကြခြင်းလားပင်။ ကုပိုင် သူ့ကိုယ်သူ မည်သို့အရှက်ရစေမည်အား စောင့်ကြည့်နေကြသော်လည်း ကုပိုင်ကတော့ သူတို့၏တုံ့ပြန်မှုတွေကို ဂရုမစိုက်ပါချေ။

ပါဝင်ပစ္စည်း များစွာမရရှိလိုက်သော်လည်း အရန်ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များကို သူစိတ်ကြိုက်အသုံးပြုနိုင်ပါသေး၏။

ကုပိုင်သည် ကြက်အရိုးနှစ်ခုကို ဆေးကြောသန့်စင်ပြီး ၎င်းတို့ပေါ်ရှိ အသားများကို ထုတ်ယူလိုက်သည်။ ထို့နောက် အရိုးများကို Crockpot ထဲသို့ထည့်၍ ရေနှင့်ပြုတ်ပြီး ဂျင်းကို ပါးပါးလှီးထားလိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Donde viven las historias. Descúbrelo ahora