Chapter 14

672 125 1
                                    

Unicode

Chapter 14 မင်း ထပ်ပျောက်သွားဦးမှာလား

"ကျွန်တော် အဆင်ပြေပါတယ် နားချိန်ခဏလောက်တော့ပေး" ကုပိုင် မုမုကို ပြောလိုက်သည်။

မီးဖိုချောင်ထဲမှာ တစ်နေကုန်အချိန်ကုန်ဆုံးခဲ့သည့်အတွက် ဒီလိုဖြစ်သွားရခြင်းပင်။ ထို့အပြင် သူက ဒီအလုပ်နဲ့ လိုက်လျောညီထွေ မဖြစ်သေးချေ။ သူ့အလုပ်ချိန်ကို ပြန်စီစဥ်ပြီးသည်နှင့် အရမ်းပင်ပန်းတော့မည်မဟုတ်။

"ခင်ဗျား ဒီဆိုဖာကို ဘာလို့ဝယ်လိုက်တာလဲ၊ ကျွန်တော်တို့က ဒီနေရာမှာ ဒါကြီးကို တစ်ချိန်လုံးထား,ထားလို့မရဘူးလေ ပြန်ပေးလို့ရမ
လား" ကုပိုင် ဆိုဖာကိုထိကြည့်လိုက်တော့ ဈေးကြီးလောက်မည်မှန်း သိလိုက်ရသည်။

အိမ်တွင် ဆိုဖာရှိတာက ကောင်းသည်ဆိုသော်ငြား  စားသောက်ဆိုင်ငယ်ထဲတွင် ထည့်ထားမည်ဆိုလျှင်တော့ အလွန်၀င့်ကြွားလွန်းပုံပေါ်ပြီး မကြာခင်မှာ ညစ်ပတ်သွားလိမ့်မည်ဖြစ်၏။

"မပေးဘူး၊ ဒါက မင်းအနားယူဖို့"မုမုက အခိုင်အမာပြောသည်။

ရိုးရိုးသားသားပြောရလျှင် ကုပိုင်သည် သူ့ကို ဤကဲ့သို့နှစ်ပေါင်းများစွာ မည်သူကမျှ စိတ်ပူပေးခဲ့ဖူးခြင်းမရှိခဲ့သည့်အတွက် ရင်ထဲထိသွားရသည်။ သူ၏ယခင်ဘဝလွန်ခဲ့သည့်ဆယ်နှစ်တွင် သူသည် မိမိကိုယ်ကိုဂရုစိုက်ရန်နှင့် အခြားသူများနှင့်အကွာအဝေးတစ်ခုထားရန် သင်ယူခဲ့သည်။

"ဒါက ဒီနေရာနဲ့ မသင့်တော်နေဘူးလေ ဖြစ်နိုင်ရင် ပြန်ပေးလိုက်ပါ ကျွန်တော်နောက်မှ ခင်ဗျားစားဖို့ တစ်ခုခုလုပ်ပေးမယ် ဒါပေမယ့် ခင်ဗျား ပိုက်ဆံပေးချေရမယ်နော်" ကုပိုင် အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။

ခဏအနားယူပြီးနောက် ကုပိုင် ပြန်လည်တက်ကြွလာသည်။ ထို့နောက် သူသည် မုမုအား ဆိုဖာပြန်ပေးခိုင်းလိုက်ပြီးနောက် မီးဖိုချောင်ထဲတွင် ညစာ စတင်ချက်ပြုတ်တော့သည်။

ယနေ့ညအစားအသောက်သည် ခါတိုင်းထက် ပို၍ကြွယ်၀၏။ အကယ်၍ ဖောက်သည်များသာ ဤနေရာတွင်ရှိနေပါက ဘက်လိုက်မှုအတွက် ကုပိုင်အား အပြစ်တင်ကြလိမ့်မည်ဖြစ်၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now