part 2

12.2K 275 2
                                    

ချိုမိုင်မိုင် (အပိုင်း ၂)

ခန့်ဘုန်းက နေ့လယ်ကျူရှင်ကို လိုက်မပို့ဖို့ပြောထား၍ ကျောင်းဆင်းသည့်အခါ ကျောင်းပေါက်ဝထိသာအတူပြန်လိုက်ရသည်။ ခန့်ဘုန်းမေမေက မျက်လုံးစူးစူးကြီးတွေနှင့် ကျောင်းပေါက်ဝကိုလှမ်းကြည့်နေသည်မို့ ခန့်ဘုန်းလည်းခပ်တည်တည်ဖြင့်သာ ငြိမ်းသွယ်နှင့်စုရှင်းခိုင်တို့၏လက်ကိုဆွဲ၍ ထွက်လာခဲ့လိုက်၏။

"ခန့်ဘုန်းမေ... ဟိုကောင်လေးက ညည်းကိုစာတွေပေးနေတဲ့ကောင်လား"

ဝေဟင့်ကို မေးငေါ့ပြီးမေးလိုက်တာမို့ ခန့်ဘုန်းလန့်သွားပေမဲ့ မျက်နှာလေးတည်ထားကာ ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး...သူ့ကိုသိတောင်မသိဘူး"

"ပြီးရော...စာပေးတဲ့အကောင်နဲ့ အဆက်သွယ်လုပ်မနေနဲ့နော်။ကျောင်းပါတစ်ခါထဲထုတ်ပစ်မယ်"

"ဟုတ်"

"သမီးတို့ရော ရည်းစားတွေ ဘာတွေထားနေကြပြီလား"

"ရှင်....မ...မထားပါဘူးအန်တီ"

ငြိမ်းသွယ်နှင့် စုရှင်းခိုင်မှာ မြှားဦးကသူတို့ဘက်လှည့်လာပြီမို့ အသည်းအသန်ခေါင်းခါငြင်းလိုက်ကြ၏။ခန့်ဘုန်း၏မေမေကိုသူတို့လန့်လေသည်။

"ကောင်းတယ်...မထားကြနဲ့။ ခန့်ဘုန်းမေ ထားတာသိရင်လည်းအန်တီ့ကိုပြန်တိုင်နော်...ကြားလား"

"ဟုတ်ကဲ့အန်တီ"

သူတို့သုံးယောက်လုံး စကားမပြောရဲ အသံမထွက်ရဲဘဲ ကျူရှင်ရောက်ခဲ့သည်။ခန့်ဘုန်းမေမေက ကျူရှင်ကိုသေချာပို့ပေးပြီးမှ ပြန်သွားလေသည်။အပြန်ကိုလည်း လာပြန်ကြိုမည်ဟုပြောသွား၍ ခန့်ဘုန်းမေ မျက်နှာကလေးရှုံ့သွားလေသည်။

ကျူရှင်ချိန်က နေ့လယ်တစ်နာရီကနေငါးနာရီထိနှစ်ချိန်တက်ရသည်မို့ ကြားထဲမှာနှစ်နာရီခွဲတစ်ချိန် မုန့်စားနားပေလေသည်။နားချိန်ကလည်းဆယ်မိနစ်လောက်သာဖြစ်၏။

ခန့်ဘုန်းမေမေအကြိုအပို့လုပ်နေသည့်အချိန် ခန့်ဘုန်းမှာ ဝေဟင်နှင့်ကျောင်းမှာသာချိန်းတွေ့ရလေသည်။ ကျူရှင်မုန့်စားနားချိန် ဆယ်မိနစ်လောက်ကိုရအောင်လာတွေ့၏။ ထိုအခါခန့်ဘုန်းကြိုက်သည့် တုတ်ထိုးအစုံကိုဝယ်လာတတ်လေသည်။ အာလူးမကြိုက်သည့်ခန့်ဘုန်းအကြောင်းကိုသိနေ၍ တုတ်ထိုးဝယ်တိုင်းဘယ်တော့မှအာလူးထည့်မလာပေ။

ချိုမိုင်မိုင်Where stories live. Discover now